ကင်မ်ဂျုံနမ် သေဆုံးမှုနဲ့ ပတ်သက်တဲ့ မြောက်ကိုရီးယား လေးဦးကို အင်တာပို ဖမ်းဝရမ်း ထုတ်

0
316

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဝမ်းကွဲအစ်ကို ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်လို့ သံသယရှိတဲ့ မြောက်ကိုရီးယား ၄ ဦးကို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွာလာလမ်ပူ လေဆိပ်မှာ ကင်မ်ဂျုံနမ်ကို အဆိပ်ငွေ့နဲ့ တိုက်ခိုက်လုပ်ကြံမှုအတွက် အင်ဒိုနီးရှားနဲ့ ဗီယက်နမ် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

သံသယရှိသူတွေကို ထပ်ဖမ်းဖို့ မလေးရှားရဲက အင်တာပိုကို အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သံသယရှိသူ လေးဦးဟာ ကင်မ်ဂျုံနမ် လုပ်ကြံခံရချိန်မှာ ကွာလာလမ်ပူ လေဆိပ်ထဲမှာ ရှိနေတာပါ။ သူတို့တွေ ရာက်ရာနေရာမှာ ဖမ်းမိဖို့ အင်တာပိုက ဝရမ်းထုတ်တာ ဖြစ်ပါတယ်။

ကမ်င်ဂျုံနမ် လုပ်ကြံခံရမှုကြောင့် မလေးရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပျက်စီးခဲ့ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)