အမေရိကန် အထူးတပ်ဖွဲ့ မြောက်ကိုရီးယားကို တိုက်ခိုက်မယ့် စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်

0
274

အိုစမာဘင်လာဒင်ကို အသေဖမ်းဆီးခဲ့တဲ့ အမေရိကန် ရေတပ်ရဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့ဟာ မြောက်ကိုးရီးယားနိုင်ငံ ကိုတိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။

Seal Team Six လို့ခေါ်တဲ့ အဲဒီအမေရိကန် အထူးတပ်ဖွဲ့ဟာ တောင်ကိုးရီးယားစစ်တပ်နဲ့ ပူးပေါင်းပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ အများအပြားဟာ မြောက်ကိုးရီးယားရဲ့စစ်အသွင်ဆောင်တဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ တန်ပြန်နိုင်ဖို့အတွက် ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်သွား မှာဖြစ်တယ်လို့ တောင်ကိုးရီးယားနိုင်ငံရဲ့ စစ်ဘက်တာဝန်ရှိသူတွေက ဆိုပါတယ်။

Seal Team Six လို့ခေါ်တဲ့ အဲဒီ အမေရိကန်အထူးတပ်ဖွဲ့ဟာ ကင်ဂျုံအန် ကိုဖယ်ရှားဖို့နဲ့ မြောက်ကိုးရီးယားနိုင်ငံက ပိုင်ဆိုင်တဲ့ အဖျက်စွမ်းအားမြင့်တဲ့ လက်နက်တွေကို ဖျက်ဆီးဖို့အတွက် ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ တောင်ကိုးရီးယား တာဝန်ရှိသူတွေက ဆိုပါတယ်။

မြောက်ကိုးရီးယား နိုင်ငံကလည်း ပြီးခဲ့တဲ့အပတ်က ပဲ့ထိန်းဒုံးကြဉ်လေးခုကို ဂျပန်ပင်လယ်ပြင်ထဲ ပစ်လွတ်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုးရီးယား နိုင်ငံတွေပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်ခဲ့ပါတယ်။

တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနိုင်ငံတို့ဟာ ၁၉၅၃ ခုနှစ်က အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားခဲ့ပေမယ့် အဲဒါဟာ ငြိမ်းချမ်းရေး သဘောတူစာချုပ် မဟုတ်တာကြောင့် စစ်ရေးအရတိုက်ခိုက်မှုတွေ အချိန်မရွေးပြန်ဖြစ်လာနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)