ဒူတာတေးကို ဖယ်ရှားဖို့ ဖိလစ်ပိုင် လွှတ်တော်အမတ် တစ်ဦး တောင်းဆို

0
262

ဖိလစ်ပိုင်လွှတ်တော်မှာ အတိုက်အခံအမတ်တစ်ဦးက သမ္မတရိုဒရီဂို ဒူတာတေးကို ဖယ်ရှားဖို့ ယနေ့မတ်လ ၁၆ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

 
အဆိုပါအမတ်က ရာဇ၀တ်မှုဖြစ်ပွားနူန်းမြင့်တက်မှု၊ ပြည်သူ့ယုံကြည်မှုကို သစ္စာဖောက်မှုနဲ့ အာဏာ အလွဲသုံးစားလုပ်မှုတွေကြောင့် မစ္စတာဒူတာတေးကို ဖယ်ရှားသင့်တယ်လို့ လွှတ်တော်မှာ တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။
အောက်လွှတ်တော်ကိုယ်စားလှယ် ဂါရီအလက်ဂျန်နိုက မစ္စတာဒူတာတေးကို အခုလိုစွပ်စွဲခဲ့တာဖြစ်ပြီး သမ္မတနေရာကနေ ဖယ် ရှားသင့်တယ်လို့ တင်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒူတာတေးဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ထားပြီး မှုးယစ်ဆေးဝါးနဲ့သက် ဆိုင်တဲ့ အလွန်အကျွံတရားစီရင်သတ်ဖြတ်မှုတွေဟာလည်း သူ့ရဲ့အကျိုးစီးပွားနဲ့ဆက်စပ်နေလို့ဖြစ်ကြောင်း အဆိုပါအမတ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဒူတာတေးက သေမင်းတမန်တပ်ဖွဲ့လို့အမည်ရတဲ့ လက်ရုံးတပ်ဖွဲ့ကို ဒါဗာအိုမြို့တော်ဝန်ဘ၀က ဖွဲ့စည်းစေခိုင်းမှုတွေ ရှိခဲ့ကြောင်းလည်း ၄င်းအမတ်က စွပ်စွဲထားပါတယ်။ မစ္စတာဒူတာတေးကတော့ အဲဒီလိုအတိတ်ကလုပ်ဆောင်ချက်တွေရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေ အားလုံးကို ငြင်းပယ်ခဲ့ပါတယ်။
သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက မစ္စတာအလက်ဂျန်နိုဟာ အစိုးရကို ပြည်သူတွေအကြားမှာ သံသယ၀င်အောင်ကြိုးစားနေတာဖြစ် ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒူတာတေးရဲ့လုပ်ဆောင်မှုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေပြီး လာဘ်ပေးမှုတွေဖြစ်စေတယ်၊ ပြည်သူရဲ့ယုံ ကြည်ကိုးစားမှုအပေါ်မှာလည်း သစ္စာဖောက်ရာရောက်ပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ ရာဇ၀တ်မှုဖြစ်ပွားနူန်းကိုလည်း မြင့်တက် လာစေတယ်လို့ မစ္စတာအလက်ဂျန်နိုက ဆက်လက်ပြောဆိုခဲ့ပါတယ်။
သမ္မတဒူတာတေးလက်ထက်မှာ လူပေါင်း ၈၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လူ ၂၅၀၀ခန့်ကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းဖမ်းဆီး ခဲ့ပါတယ်။
မှုးယစ်ဆေးသုံးစွဲသူတွေ ထောင်နဲ့ချီပြီးသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါ တယ်။ အခုလိုစွပ်စွဲပြောဆိုမှုတွေက ဒူတာတေးအစိုးရအပေါ်မှာ အထင်အမြင်သေးလာအောင် အတိုက်အခံတွေက အကွက်ချ ကြံ စည်နေတာဖြစ်ကြောင်း သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ အန်းနက်စတိုအဘီလာက ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)