Facebook ကော်မန့်ကြောင့် UAE က ဂျော်ဒန် ဂျာနယ်လစ်ကို ထောင် သုံးနှစ်ချ

0
310

အာရပ်စော်ဘွားများ နိုင်ငံ (UAE) ကို Facebook မှာ ဝေဖန်ပြောဆိုတယ် ဆိုပြီး အဘူဒါဘီ တရားရုံးက ဂျော်ဒန် ဂျာနယ်လစ် တစ်ဦးကို ထောင်ဒဏ် သုံးနှစ် ချလိုက်ပါတယ်။

ထောင်ဒဏ် သုံးနှစ်အပြင် ဒဏ်ငွေ ဒါဟမ်း ငါးသိန်း (ဒေါ်လာ ၁ သိန်း ၃ သောင်းကျော်) ကိုလည်း နိုင်ငံတော်ကို စော်ကားမှုနဲ့ ပြစ်ဒဏ်ချလိုက်တယ်လို့ UAE နိုင်ငံပိုင် WAM သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

ဂျော်ဒန် ဂျာနယ်လစ် တေဆီယာ အယ်လ် နတ်ဂျာ ဆိုသူဟာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက UAE အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၅ မှာ ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

ထောင်ဒဏ်ကျခံပြီးရင်လည်း ဂျာနယ်လစ် အယ်လ် နတ်ဂျာဟာ ပြည်နှင်ဒဏ်လည်း အပေးခံရမှာ ဖြစ်ပါတယ်။

ဂျော်ဒန် စာနယ်ဇင်း ကောင်စီကတော့ အယူခံဝင်ဖို့ ရှေ့နေတစ်ယောက် စေလွှတ်ပေးထားပါတယ်။ ဂျော်ဒန် စာနယ်ဇင်း ကောင်စီကတော့ အယ်လ် နတ်ဂျာဟာ အပြစ်မရှိဘူးလို့ ပြောဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)