လှောင်ပြောင်ခံနေရတဲ့ ကျားရုပ်တုကို အင်ဒိုနီးရှားစစ်တပ် ဖျက်ဆီး

0
309

လှောင်ပြောင်ခံနေရတဲ့ ကျားရုပ်တုကို အင်ဒိုနီးရှားစစ်တပ် ဖျက်ဆီး အွန်လိုင်းပေါ်မှာ လှောင်ပြောင်ရယ်မောစရာတစ်ခု ဖြစ်လာနေတဲ့ အနောက်ဂျာဗားစစ်စခန်းတစ်ခုရဲ့အရှေ့က ကျားရုပ်တုကို စစ် တပ်က ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။

  ရယ်မောစရာပြောင်ချောချောဖြစ်နေတဲ့ ကျားရုပ်တုဟာ စီလီဝမ်ဂီ စစ်တပ်ရင်းရဲ့ အဆောင်လာဘ်ကောင်အရုပ်အနေနဲ့ ဂူရက် ဒေသက ကျေးရွာလေးတရွာမှာ တည်ရှိပါတယ်။
စစ်တပ်တပ်ရင်းတခုရဲ့တရားဝင်အမှတ်အသားအဖြစ်ရဲရင့်မာန်ပါတဲ့ကျားရုပ်တုဖြစ်ရမယ့် အစားရယ်စရာကြီးဖြစ်နေခဲ့တာကြောင့် အင်တာနက်အသုံးပြုတွေက လှောင်ပြောင်ရေးသားနေခဲ့ကြတာပါ။
“ ဘာကြောင့်မှန်းကို မသိဘူး၊ ကျားမျက်နှာကို မြင်လိုက်တိုင်းမှာ ထိန်းမရအောင်ရယ်ချင်တော့တာပဲ” လို့ ဖေ့ဘွတ်ခ်သုံးစွဲသူ တစ်ဦးက ရေးသားခဲ့ပါတယ်။ အဆိုပါကျားရုပ်တုကို ထားရှိခဲ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်ပေမယ့် မကြာသေးခင်ကမှ အင်တာနက်မှာ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။
ဗင်းဆင့်ကန်ဒရာဆိုသူက သူ့အနေနဲ့ ကျားဓါတ်ပုံကို မြင်လိုက်တာနဲ့ မနေနိုင်အောင် ရယ်မောမိပြီး တွစ်တာမှာ ရှယ်ဖို့ ဆုံးဖြတ်ခဲ့ တာပါလို့ ပြောပြခဲ့ပါတယ်။
ပထမပိုင်း လူမှုကွန်ယက်တွေမှာ ပျံ့နှံခဲ့ပြီး နောက်ပိုင်းမှာအင်ဒိုနီးရှားနိုင်ငံပိုင်မီဒီယာပေါ် ရောက်သွား ခဲ့တာဖြစ်ပါတယ်။ စတင်ပျံ့နှံအောင် လုပ်ခဲ့မိသလိုဖြစ်ခဲ့ရတဲ့ ဗင်းဆင့်က “ အခုလောက် လှောင်ပြောင်ရယ်မောစရာဖြစ်ကုန်မယ် လို့ မထင်ခဲ့မိဘူး။ ရုပ်တုကို ဖျက်ဆီးလိုက်လို့ စိတ်မကောင်းပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)