သမ္မတထရန့်ရဲ့ ခရီသွားလာခွင့် ပိတ်ပင်မိန့် အသစ်ကို နာရီပိုင်းအလိုမှာ တားဆီး

0
286

ဒီကနေ့ ၁၆ ရက် သန်းခေါင်အချိန်မှာ စတင်အသက်ဝင်မယ့် သမ္မတဒေါ်နယ်လ်ထရန့်ရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မိန့်အသစ် ကို ဟာဝိုင်အီရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အသက်မ၀င်မီ နာရီပိုင်းအလိုမှာ တားဆီးလိုက်ပါတယ်။

အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်စေတယ်ဆိုတဲ့ အစိုးရရဲ့အကြောင်းပြချက်မှာ သက်သေအထောက် အထားတွေက မေးခွန်း ထုတ်စရာဖြစ်နေကြောင်း အမေရိကန်ခရိုင် တရားသူကြီး ဒါရစ်ခ်ဝတ်ဆန်က ဆိုပါတယ်။

သမ္မတထရန့်ကတော့ တရားစီရင်မှုရေးရာက အစဉ်အလာကို ကျော်လွန်ပြီး လုပ်ဆောင်နေတယ်လို့ ဒီလိုတားဆီးမှုအပေါ် ဝေဖန် ပြောဆိုခဲ့ပါတယ်။
ထရန့်ရဲ့အမိန့်က မွတ်စလင်အဓိကနိုင်ငံ ၆ နိုင်ငံက ပြည်သူတွေ အမေရိကန်ဝင်ရောက်ခွင့် ရက် ၉၀ ပိတ်ပင်ပြီး ဒုက္ခသည်တွေကို ရက်ပေါင်း ၁၂၀ ပိတ်ပင်ဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်က တိုင်းပြည်အတွင်းကို အကြမ်းဖက်သမားဝင်ရောက်မှုရပ်တန့်စေဖို့ ဖြစ်တယ်လို့ မစ္စတာထရန့်က ပြောဆိုခဲ့ပါ တယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ ခွဲခြားဆက်ဆံမှုမှုဝါဒလို့ ပြောဆိုခဲ့ကြတာပါ။
ဒီလိုပိတ်ပင်တဲ့အမိန့်ကို ဇန်န၀ါရီလအစောပိုင်းကလည်း ထရန့်က ထုတ်ပြန်ခဲ့ပါတယ်။

ရှုပ်ထွေးမှုတွေနဲ့ ဆန့်ကျင်မှုတွေကြုံတွေ့ခဲ့ ပြီး အဲဒီအမိန့်ကြေညာချက်တုန်းကလည်း ဆက်တဲလ်မြို့က တရားသူကြီးတစ်ဦးရဲ့တားဆီးမှုကို ခံခဲ့ရပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ တန်နက်စ်စီပြည်နယ် နက်ရှ်ဗွီးမြို့က လူထုစုဝေးပွဲမှာ မစ္စတာထရန့်က ဟာဝိုင်အီမှာကြုံခဲ့တဲ့ တရားရေးဌာန ရဲ့ လုပ်ဆောင်မှုက အမေရိကန်နိုင်ငံကို အားနည်းချိနဲ့ပုံ ပေါက်စေကြောင်းပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့အမိန့်အသက်ဝင် စေဖို့အတွက် အမြင့်ဆုံးတရားရုံးအထိ ဆက်လက်အယူခံဝင်တင်ပြသွားမှာဖြစ်ကြောင်း ထရန့်က ပြောဆိုခဲ့ပါတယ်။
အဆိုပါအမိန့်ကို တားဆီးဖို့ကြိုးပမ်းကြတဲ့ ဟာဝိုင်အီပြည်နယ်အပါအ၀င် အမေရိကန်ပြည်နယ် အတော်များများရှိပါတယ်။

ထရန့်ရဲ့တားဆီးပိတ်ပင်မိန့်က သူတို့နိုင်ငံမှာ သူတို့နေထိုင်နေကြတဲ့ ပြည်သူတွေကို ခွဲခြားဆက်ဆံရာရောက်ပြီး အမေရိကန် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်မှာဖြစ်ကြောင်း ရှေ့နေတွေက ပြောပါတယ်။

ဒါ့အပြင် ပိတ်ပင်မှုက ခရီးသွားလုပ်ငန်းကို ထိခိုက်စေမှာဖြစ်တဲ့အပြင် နိုင်ငံခြားသား ကျောင်းသားနဲ့ အလုပ်သမားတွေ စုဆောင်းမှုကိုလည်း ထိခိုက်စေလိမ့်မယ်လို့ ဟာဝိုင်အီပြည်နယ် အစိုးရက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)