နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ မြန်မာစာသင်ဖို့ တရုတ်ကျောင်းသား အများဆုံး တက်ရောက်နေ

0
274

ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် (UFL) မှာ မြန်မာဘာသာစကား လာရောက် သင်ကြားသူ နိုင်ငံခြားသားတွေအနက် တရုတ်ကျောင်းသားတွေက အများဆုံး ဖြစ်ပါတယ်။

 အရှေ့တောင်အာရှမှာ ဒီမိုကရေစီ ကူးပြောင်းစ တံခါးဖွင့်လိုက်တဲ့ စီးပွားရေး အလားအလာရှိတဲ့ မြန်မာနိုင်ငံ ဖြစ်လာတဲ့အတွက် မြန်မာဘာသာစကား သင်ကြား လေ့လာလိုသူတွေ တိုးလာတာ ဖြစ်ပါတယ်။

UFL ရဲ့ ဒီနှစ် ပညာသင်နှစ်မှာ မြန်မာစာ လေ့လာတဲ့ နိုင်ငံခြားသား ကျောင်းသား ၁၅၀ ဦး ရှိပါတယ်။ အဲဒီ ၂၅၀ အနက် တရုတ်ကျောင်းသားက ၁၁၂ ဦးနဲ့ အများဆုံး ဖြစ်ပါတယ်။ တခြား နိုင်ငံခြားသား ကျောင်းသားတွေကတော့ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အီတလီ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့က ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)