LGBT ေထာက္ခံတဲ့ ေဟာင္ေကာင္ အဆိုေတာ္ကို မေလးရွား ျပည္ဝင္ခြင့္ မေပး

0
977

လက္စဘီယန္၊ ေဂး၊ လိင္ႏွစ္မ်ိဳးလံုး စိတ္ဝင္စားသူနဲ႔ လိင္ေျပာင္းထားသူ (LGBT) ေတြကို ေထာက္ခံတဲ့ ေဟာင္ေကာင္ ေပါ့ပ္အဆိုေတာ္ ဒနင္းနစ္ ဟိုကို မေလးရွားက ျပည္ဝင္ခြင့္ ဗီဇာ ျငင္းပယ္လိုက္ပါတယ္။

ဒီမိုကေရစီအေရး လႈပ္ရွားသူအျဖစ္လည္း ထင္ရွားတဲ့ ဟိုဟာ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူမွာ ေဖ်ာ္ေျဖဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ ဟိုက ထိုင္ဝမ္မွာလည္း သြားေရာက္ ေဖ်ာ္ေျဖဖို႔ ရွိပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၁၅ ရက္မွာ မေလးရွား အာဏာပိုင္ေတြက ပြဲစီစဥ္သူေတြကို ေခၚၿပီး ဟိုရဲ႕ LGBT ေထာက္ခံမႈေတြေၾကာင့္ ေဖ်ာ္ေျဖဖို႔ ဗီဇာ ခြင့္မျပဳႏိုင္ဘူးလို႔ အေၾကာင္းၾကားခဲ့ပါတယ္။ ဟိုသာ မေလးရွားမွာ ေဖ်ာ္ေျဖမႈေတြ လုပ္မယ္ဆိုရင္ အဆင့္ေတြ အမ်ားႀကီး လုပ္ဖို႔ လိုလိမ့္မယ္လို႔ မေလးရွား အာဏာပိုင္ေတြရဲ႕ အေၾကာင္းၾကားစာမွာ ပါရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

LGBT ထောက်ခံတဲ့ ဟောင်ကောင်အဆိုတော်ကို မလေးရှား ပြည်ဝင်ခွင့် မပေး

လက်စဘီယန်၊ ဂေး၊ လိင်နှစ်မျိုးလုံး စိတ်ဝင်စားသူနဲ့ လိင်ပြောင်းထားသူ (LGBT) တွေကို ထောက်ခံတဲ့ ဟောင်ကောင် ပေါ့ပ်အဆိုတော် ဒနင်းနစ် ဟိုကို မလေးရှားက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်လိုက်ပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူအဖြစ်လည်း ထင်ရှားတဲ့ ဟိုဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ဖျော်ဖြေဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဟိုက ထိုင်ဝမ်မှာလည်း သွားရောက် ဖျော်ဖြေဖို့ ရှိပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၅ ရက်မှာ မလေးရှား အာဏာပိုင်တွေက ပွဲစီစဉ်သူတွေကို ခေါ်ပြီး ဟိုရဲ့ LGBT ထောက်ခံမှုတွေကြောင့် ဖျော်ဖြေဖို့ ဗီဇာ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းကြားခဲ့ပါတယ်။ ဟိုသာ မလေးရှားမှာ ဖျော်ဖြေမှုတွေ လုပ်မယ်ဆိုရင် အဆင့်တွေ အများကြီး လုပ်ဖို့ လိုလိမ့်မယ်လို့ မလေးရှား အာဏာပိုင်တွေရဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)