
0
1052




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် ဓမ္မဆရာ ဟာဝိုင်အီမှာ ငွေ၊ သေနတ်အစိတ်အပိုင်းတွေနဲ့ အဖမ်းခံရ

ထင်ရှားတဲ့ ဖိလစ်ပိုင် ဧဝံဂေလိ ဓမ္မဆရာဟာ အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီ လေဆိပ်မှာ အမေရိကန် ဒေါ်လာ ၃ သိန်းခွဲ၊ စစ်သုံးရိုင်ဖယ်ပုံစံ တပ်ဆင်နိုင်တဲ့ သေနတ် အစိတ်အပိုင်းတွေနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။

Phillipine Kingdom of Jesus Christ (KJC) ခေါင်းဆောင် အပိုလို ကွီဘိုလို လိုက်ပါလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို မနေ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့က အမေရိကန် အကောက်ခွန်နဲ့ နယ်ခြားစောင့်ရဲက စစ်ဆေးရာမှာ အခုလို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ကွီဘိုလိုဟာ ကက်သလစ်ဘာသာ ကိုးကွယ်တဲ့ ဖိလစ်ပိုင်မှာ ခရစ်ယာန် ဘုရားကျောင်းကြီးရဲ့ အကြီးအကဲဖြစ်ပြီး ကမ္ဘာတစ်လွှားမှာ သူ့နောက်လိုက် ၆ သန်း ရှိပါတယ်။ ဖက်ဒရယ်ရဲက ဒေါ်လာ ၂၅ သန်းတန် ဂျက်လေယာဉ်ကို ဟိုနိုလူလူမြို့မှာပဲ ထိန်းသိမ်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)