တ႐ုတ္ႏွစ္ကူးမွာ မိသားစုနဲ႔ေနဖို႔ အက်ဥ္းသားေတြကို ေထာက္လွမ္းေရး ကိရိယာ တပ္ၿပီး ေခတၱျပန္လႊတ္

0
1022

တ႐ုတ္ႏွစ္သစ္ကူးမွာ မိသားစုနဲ႔ေနႏိုင္ဖို႔ တ႐ုတ္အစိုးရက အက်ဥ္းသား ၁၃၀၀ ကို ေထာက္လွမ္းေရး ကိရိယာေတြ တပ္ဆင္ၿပီး အာမခံနဲ႔ ျပန္လႊတ္ေပးလုိက္ပါတယ္။

တ႐ုတ္ႏွစ္ကူးကာလအတြင္း မိသားစုနဲ႔ ေတြဆံုႏုိင္ေစဖို႔ အက်ဥ္းသားေတြကို ၅ ရက္ၾကာ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ဥပေဒမွာ စည္းကမ္းလိုက္နာမႈရွိတဲ့ အက်ဥ္းသားေတြကို ႏွစ္တုိင္း မိသားစုဆီ ေခတၱျပန္ဖုိ႔ ခြင့္ျပဳေပးထားပါတယ္။ အဲဒီလို လႊတ္ေပးဖို႔ ဥပေဒ ျပဌာန္းထားေပမယ့္ အက်ဥ္းသားေတြ ထြက္ေျပးလြတ္ေျမာက္မွာ စိုးရိမ္တာေၾကာင့္ အနည္းငယ္သာ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့ပါတယ္။

ရွန္ဟုိင္းအုပ္ခ်ဳပ္ေရးအဖြဲ႔က ထြက္ေျပးမႈကို တားဆီးႏုိင္ေအာင္ အက်ဥ္းသားေတြကို ေထာက္လွမ္းေရး ကိရိယာတပ္ဆင္ၿပီး မိသားစုဆီ ျပန္လႊတ္ေပးခဲ့တာ ျဖစ္ၿပီး အဲဒီ ေထာက္လွမ္းေရး ကိရိယာက အက်ဥ္းသားေတြ ရွိမယ့္ေနရာကို ေဖာ္ျပႏုိင္ပါတယ္။ ေထာက္လွမ္းေရး ကိရိယာကို ဖ်က္ဆီးမယ္ဆုိရင္ အဲဒီပစၥည္းက ခ်က္ျခင္း အခ်က္ေပးလိမ့္မယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နှစ်ကူးမှာ မိသားစုနဲ့နေဖို့ အကျဉ်းသားတွေကို ထောက်လှမ်းရေး ကိရိယာ တပ်ပြီး ခေတ္တပြန်လွှတ်

တရုတ်နှစ်သစ်ကူးမှာ မိသားစုနဲ့နေနိုင်ဖို့ တရုတ်အစိုးရက အကျဉ်းသား ၁၃၀ဝ ကို ထောက်လှမ်းရေး ကိရိယာတွေ တပ်ဆင်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

တရုတ်နှစ်ကူးကာလအတွင်း မိသားစုနဲ့ တွေဆုံနိုင်စေဖို့ အကျဉ်းသားတွေကို ၅ ရက်ကြာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေမှာ စည်းကမ်းလိုက်နာမှုရှိတဲ့ အကျဉ်းသားတွေကို နှစ်တိုင်း မိသားစုဆီ ခေတ္တပြန်ဖို့ ခွင့်ပြုပေးထားပါတယ်။ အဲဒီလို လွှတ်ပေးဖို့ ဥပဒေ ပြဌာန်းထားပေမယ့် အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်မှာ စိုးရိမ်တာကြောင့် အနည်းငယ်သာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့က ထွက်ပြေးမှုကို တားဆီးနိုင်အောင် အကျဉ်းသားတွေကို ထောက်လှမ်းရေး ကိရိယာတပ်ဆင်ပြီး မိသားစုဆီ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး အဲဒီ ထောက်လှမ်းရေး ကိရိယာက အကျဉ်းသားတွေ ရှိမယ့်နေရာကို ဖော်ပြနိုင်ပါတယ်။ ထောက်လှမ်းရေး ကိရိယာကို ဖျက်ဆီးမယ်ဆိုရင် အဲဒီပစ္စည်းက ချက်ခြင်း အချက်ပေးလိမ့်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)