အေမရိကန္ ေက်ာင္းေတြမွာ စိတ္က်န္းမာေရး ျပႆနာကို ဦးစားေပး ေဆာင္ရြက္မယ္

0
950

အေမရိကန္ ႏုိင္ငံက ေက်ာင္းေတြမွာ စိတ္က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ခက္ခဲတဲ့ ျပႆနာကို ေျဖရွင္းဖို႔ အဓိက ဦးစားေပး လုပ္ေဆာင္မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျပာပါတယ္။

ၿပီးခဲတဲ့ ရက္ပိုင္းက ဖေလာ္ရီဒါျပည္နယ္က ေက်ာင္းတစ္ေက်ာင္းမွာ လူ ၁၇ ဦး ေသဆံုးခဲ့ရတဲ့ ေသနတ္နဲ႔ ပစ္ခတ္မႈ ျဖစ္ခဲ့ၿပီးေနာက္ သမၼတ ထရမ့္က အခုလို ေျပာခဲ့တာပါ။ အခုျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ေသနတ္ ကိုင္ေဆာင္မႈကို ထိမ္းခ်ဳပ္ဖုိ႔ တစံုတရာ ထုတ္မေျပာခဲ့တာနဲ႔ ပတ္သက္ၿပီး ေသနတ္ကိုင္ေဆာင္မႈ ထိန္းခ်ဳပ္ေရး အတြက္ ႀကိဳးစားေနသူေတြ စိတ္ပ်က္ေနတယ္လို႔ အေမရိကန္ မီဒီယာေတြက ေဖာ္ျပပါတယ္။

အတန္းေဖာ္ သူငယ္ခ်င္း အျဖစ္ကေန အိမ္နီးခ်င္းေတြ၊ မိတ္ေဆြ အေပါင္းအသင္းေတြ ျဖစ္လာေစႏိုင္မယ့္ သိကၡာေစာင့္ထိန္းတဲ့ ယဥ္ေက်းမႈ အေျပာင္းအလဲေတြ ရေအာင္ အေမရိကန္ ႏုိင္ငံသားေတြ လက္တြဲ ေဆာင္ရြက္ဖို႔လည္း သမၼတ ထရမ့္က တုိက္တြန္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ကျောင်းတွေမှာ စိတ်ကျန်းမာရေး ပြဿနာကို ဦးစားပေး ဆောင်ရွက်မယ်

အမေရိကန် နိုင်ငံက ကျောင်းတွေမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းဖို့ အဓိက ဦးစားပေး လုပ်ဆောင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

ပြီးခဲတဲ့ ရက်ပိုင်းက ဖလော်ရီဒါပြည်နယ်က ကျောင်းတစ်ကျောင်းမှာ လူ ၁၇ ဦး သေဆုံးခဲ့ရတဲ့ သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် သမ္မတ ထရမ့်က အခုလို ပြောခဲ့တာပါ။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ သေနတ် ကိုင်ဆောင်မှုကို ထိမ်းချုပ်ဖို့ တစုံတရာ ထုတ်မပြောခဲ့တာနဲ့ ပတ်သက်ပြီး သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အတွက် ကြိုးစားနေသူတွေ စိတ်ပျက်နေတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

အတန်းဖော် သူငယ်ချင်း အဖြစ်ကနေ အိမ်နီးချင်းတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ ဖြစ်လာစေနိုင်မယ့် သိက္ခာစောင့်ထိန်းတဲ့ ယဉ်ကျေးမှု အပြောင်းအလဲတွေ ရအောင် အမေရိကန် နိုင်ငံသားတွေ လက်တွဲ ဆောင်ရွက်ဖို့လည်း သမ္မတ ထရမ့်က တိုက်တွန်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)