အဲဗာတန္ တုိက္စစ္မွဴး ရြန္းနီ ဇနီး ၄ ဦးေျမာက္ သား ေမြး

0
941

အဲဗာတန္ တိုက္စစ္မွဴး ဝိန္းရြန္းနီရဲ႕ ဇနီးျဖစ္သူ ေမာ္ဒယ္ ေကာ္လင္ ရြန္းနီက ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ ၄ ေယာက္ေျမာက္ သားေလးကို ေမြးဖြားႏုိင္ခဲ့တယ္လို႔ တြစ္တာကတဆင့္ ေၾကညာလုိက္ပါတယ္။

ေကာ္လင္ ရြန္းနီဟာ ၄ ေယာက္ေျမာက္သားကို အရင္ေမြးခဲ့တဲ့ သားေတြ ေပးခဲ့တဲ့နာမည္မ်ိဳး မေပးခဲ့တာကို ပရိသတ္ေတြ အံအားသင့္ခဲ့ပါတယ္။ ေကာ္လင္ ရြန္းနီဟာ အရင္က ကိုင္၊ ကေလ၊ နဲ႔ ကစ္ အမည္ရွိ သား ၃ ဦး ရွိခဲ့ၿပီး ၄ ေယာက္ေျမာက္သားကိုလည္း K စာလံုးပါတဲ့ နာမည္မ်ိဳး ေပးမယ္လို႔ ပရိသတ္ေတြက ထင့္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ေကာ္လင္ ရြန္းနီက သားေလး ေမြးႏုိင္လို႔ ေပ်ာ္ရႊင္ရၿပီး သားေလးဟာ ခ်စ္စရာ ေကာင္းတယ္လို႔ တြစ္တာ ကတဆင့္ ေရးသားခဲ့ပါတယ္။ ကက္စ္ မက္ခ္ ရြန္းနီ အမည္ရွိ သားေလး မိသားစု ကမာၻထဲ ဝင္ေရာက္လာမႈကို ႀကိဳဆုိၿပီး ကေလးဟာ က်န္းမာေရး ေကာင္းမြန္ပါတယ္လုိ႔ ေကာ္လင္ ရြန္းနီက ေျပာပါတယ္။ ၄ ေယာက္ေျမာက္ သားေလးဟာ ၈ ေပါင္ ၁၀ ေအာင္စ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဲဗာတန် တိုက်စစ်မှူး ရွန်းနီ ဇနီး ၄ ဦးမြောက် သား မွေး

အဲဗာတန် တိုက်စစ်မှူး ဝိန်းရွန်းနီရဲ့ ဇနီးဖြစ်သူ မော်ဒယ် ကော်လင် ရွန်းနီက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ၄ ယောက်မြောက် သားလေးကို မွေးဖွားနိုင်ခဲ့တယ်လို့ တွစ်တာကတဆင့် ကြေညာလိုက်ပါတယ်။

ကော်လင် ရွန်းနီဟာ ၄ ယောက်မြောက်သားကို အရင်မွေးခဲ့တဲ့ သားတွေ ပေးခဲ့တဲ့နာမည်မျိုး မပေးခဲ့တာကို ပရိသတ်တွေ အံအားသင့်ခဲ့ပါတယ်။ ကော်လင် ရွန်းနီဟာ အရင်က ကိုင်၊ ကလေ၊ နဲ့ ကစ် အမည်ရှိ သား ၃ ဦး ရှိခဲ့ပြီး ၄ ယောက်မြောက်သားကိုလည်း K စာလုံးပါတဲ့ နာမည်မျိုး ပေးမယ်လို့ ပရိသတ်တွေက ထင့်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကော်လင် ရွန်းနီက သားလေး မွေးနိုင်လို့ ပျော်ရွှင်ရပြီး သားလေးဟာ ချစ်စရာ ကောင်းတယ်လို့ တွစ်တာ ကတဆင့် ရေးသားခဲ့ပါတယ်။ ကက်စ် မက်ခ် ရွန်းနီ အမည်ရှိ သားလေး မိသားစု ကမ္ဘာထဲ ဝင်ရောက်လာမှုကို ကြိုဆိုပြီး ကလေးဟာ ကျန်းမာရေး ကောင်းမွန်ပါတယ်လို့ ကော်လင် ရွန်းနီက ပြောပါတယ်။ ၄ ယောက်မြောက် သားလေးဟာ ၈ ပေါင် ၁၀ အောင်စ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)