သမၼတ ေရြးေကာက္ပြဲကို ဥေရာပႏုိင္ငံတခ်ိဳ႕ ၾကားဝင္ေႏွာင့္ယွက္တယ္လို႔ ႐ုရွားစြပ္စြဲ

0
854

႐ုရွားႏုိင္ငံမွာ လာမယ့္လအတြင္း က်င္းပမယ့္ သမၼတ ေရြးေကာက္ပြဲ မတုိင္ခင္ ႐ုရွားျပည္တြင္းေရးကို အေနာက္ႏုိင္ငံအခ်ိဳ႕က ၾကားဝင္ေႏွာင့္ယွက္ေနတဲ့ သက္ေသတခ်ိဳ႕ ရရွိထားတယ္လို႔ ႐ုရွားႏုိင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

႐ုရွားႏုိင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ ဇာခါ႐ိုဗာက ၾကားဝင္ေႏွာင့္ယွက္တဲ့ လုပ္ရပ္ေတြ ရပ္တန္႔ဖုိ႔ ဥေရာပ ႏုိင္ငံေတြကို သတိေပး ေျပာဆုိထားပါတယ္။ ၾကားဝင္ေႏွာင့္ယွက္ေနတဲ့ လုပ္ရပ္ေတြကို မရပ္တန္႔ဘူးဆုိရင္ တန္ျပန္ တံု႔ျပန္သြားရလိမ့္မယ္လုိ႔ ဇာခါ႐ိုဗာက ေျပာပါတယ္။

အေမရိကန္မွာ ၂၀၁၆ ခုႏွစ္တုန္းက က်င္းပတဲ့ သမၼတေရြးေကာက္ပြဲမွာ ႐ုရွားႏုိင္ငံက ၾကားဝင္စြက္ဖက္မႈေတြ ရွိတယ္လို႔ စြပ္စြဲခ်က္ေတြ ထြက္ေပၚခဲ့သလို ဥေရာပႏုိင္ငံတခ်ိဳ႕ရဲ႕ ေရြးေကာက္ပြဲေတြကိုလည္း ႐ုရွားႏုိင္ငံက ၾကားဝင္ ေႏွာင့္ယွက္တာေတြ ရွိခဲ့တယ္လို႔ အေနာက္ဥေရာပ ႏုိင္ငံေတြက စြပ္စြဲမႈေတြ ရွိခဲ့ၿပီးေနာက္ ႐ုရွားႏုိင္ငံက အခုလို ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတချို့ ကြားဝင်နှောင့်ယှက်တယ်လို့ ရုရှားစွပ်စွဲ

ရုရှားနိုင်ငံမှာ လာမယ့်လအတွင်း ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ရုရှားပြည်တွင်းရေးကို အနောက်နိုင်ငံအချို့က ကြားဝင်နှောင့်ယှက်နေတဲ့ သက်သေတချို့ ရရှိထားတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာခါရိုဗာက ကြားဝင်နှောင့်ယှက်တဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ ဥရောပ နိုင်ငံတွေကို သတိပေး ပြောဆိုထားပါတယ်။ ကြားဝင်နှောင့်ယှက်နေတဲ့ လုပ်ရပ်တွေကို မရပ်တန့်ဘူးဆိုရင် တန်ပြန် တုံ့ပြန်သွားရလိမ့်မယ်လို့ ဇာခါရိုဗာက ပြောပါတယ်။

အမေရိကန်မှာ ၂၀၁၆ ခုနှစ်တုန်းက ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်မှုတွေ ရှိတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့သလို ဥရောပနိုင်ငံတချို့ရဲ့ ရွေးကောက်ပွဲတွေကိုလည်း ရုရှားနိုင်ငံက ကြားဝင် နှောင့်ယှက်တာတွေ ရှိခဲ့တယ်လို့ အနောက်ဥရောပ နိုင်ငံတွေက စွပ်စွဲမှုတွေ ရှိခဲ့ပြီးနောက် ရုရှားနိုင်ငံက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)