အင္ဒိုနီးရွားမွာ ဗယ္လင္တိုင္းေဒး ဆင္ႏႊဲသူေတြကို ဖမ္းဆီး

0
954

အင္ဒုိနီးရွား အာဏာပိုင္ေတြဟာ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က က်ေရာက္ခဲ့တဲ့ ဗယ္လင္တိုင္းေဒးကို ပိတ္ပင္တားျမစ္ခဲ့ၿပီး ပါဝင္ဆင္ႏႊဲခဲ့တဲ့ ခ်စ္သူစံုတြဲ အမ်ားအျပားကို ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံဟာ ကမာၻေပၚမွာ မြတ္စလင္အမ်ားဆံုး ႏုိင္ငံျဖစ္ၿပီး လူဦးေရ ၂၂၅ သန္း ရွိပါတယ္။ အင္ဒုိနီးရွား အာဏာပိုင္ေတြဟာ ႏုိင္ငံတဝွမ္းရွိ ၿမိဳ႕ေတြမွာ ဗယ္လင္တိုင္းေဒးနဲ႔ ပတ္သက္လို႔ ပိတ္ပင္တာ၊ တင္းက်ပ္မိန္႔ ထုတ္ျပန္တာေတြ လုပ္ခဲ့ပါတယ္။ အာေခ်း ေဒသ အုပ္ခ်ဳပ္ေရးမႉးက ဗယ္လင္တိုင္းေဒးဟာ အစၥလာမ္ ဘာသာေရးနဲ႔ ကိုက္ညီမႈမရွိဘဲ လူေတြရဲ႕ ဘာသာေရး တန္ဖိုးကို အားနည္းေစတယ္လို႔ ေျပာခဲ့ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံရဲ႕ ဒုတိယအႀကီးဆံုး ၿမိဳ႕ျဖစ္တဲ့ ဆူရာဘာယာကၽြန္းမွာ ရဲေတြဟာ ဟုိတယ္၊ ကေဖးဆုိင္ရွိ စံုတြဲေပါင္း ႏွစ္ဒါဇင္ကို ယာယီဖမ္းဆီး ထိန္းသိမ္းတာေတြ လုပ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှားမှာ ဗယ်လင်တိုင်းဒေး ဆင်နွှဲသူတွေကို ဖမ်းဆီး

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျရောက်ခဲ့တဲ့ ဗယ်လင်တိုင်းဒေးကို ပိတ်ပင်တားမြစ်ခဲ့ပြီး ပါဝင်ဆင်နွှဲခဲ့တဲ့ ချစ်သူစုံတွဲ အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စလင်အများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၂၂၅ သန်း ရှိပါတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေဟာ နိုင်ငံတဝှမ်းရှိ မြို့တွေမှာ ဗယ်လင်တိုင်းဒေးနဲ့ ပတ်သက်လို့ ပိတ်ပင်တာ၊ တင်းကျပ်မိန့် ထုတ်ပြန်တာတွေ လုပ်ခဲ့ပါတယ်။ အာချေး ဒေသ အုပ်ချုပ်ရေးမှူးက ဗယ်လင်တိုင်းဒေးဟာ အစ္စလာမ် ဘာသာရေးနဲ့ ကိုက်ညီမှုမရှိဘဲ လူတွေရဲ့ ဘာသာရေး တန်ဖိုးကို အားနည်းစေတယ်လို့ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ ဆူရာဘာယာကျွန်းမှာ ရဲတွေဟာ ဟိုတယ်၊ ကဖေးဆိုင်ရှိ စုံတွဲပေါင်း နှစ်ဒါဇင်ကို ယာယီဖမ်းဆီး ထိန်းသိမ်းတာတွေ လုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)