ဟာဝိုင္အီကၽြန္းမွာ အေမရိကန္က ေရဒါေတြ ျဖန္႔ၾကက္ခ်ထားမယ္

0
965

အေမရိကန္ႏုိင္ငံဟာ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ဒံုးက်ည္နဲ႔ တုိက္ခိုက္လာႏုိင္မႈကို တားဆီးႏုိင္ဖုိ႔ ဟာဝိုင္အီကၽြန္းမွာ ေရဒါေတြ ျဖန္႔ၾကက္သြားမွာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယား အစီစဥ္ေတြကို တံု႔ျပန္ႏုိင္ဖုိ႔ အမိေျမကာကြယ္ေရး ေရဒါ၊ ဒါမွမဟုတ္ HDR-H, ကို ၅ ႏွစ္အတြင္း ျဖန္႔ၾကက္ခ်ထားမွာျဖစ္ပါတယ္။ ပစိဖိတ္ေဒသဆိုင္ရာ အေမရိကန္ တပ္မႉး ဗိုလ္ခ်ဳပ္ ဟာရီဘီ ဟာရစ္က ေရဒါျဖန္႔ၾကက္ခ်ထားမႈဟာ ပစိဖိတ္ သမုဒၵရာကို ေရာက္ရွိလာႏိုင္တဲ့ ဒံုးက်ည္ေတြကို ဟန္႔တားႏုိင္မယ္လို႔ ေျပာခဲ့ပါတယ္။

ဂ်ပန္ႏုိင္ငံဟာ ေျမာက္ကိုရီးယား ႏုိင္ငံရဲ႕ ဒံုးက်ည္ ပစ္ခတ္တုိက္ခိုက္မယ့္ ၿခိမ္းေျခာက္မႈေတြ ေတြ႔ႀကံဳခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္က ေျမာက္ကိုရီးယားႏုိင္ငံ ဒံုးက်ည္စမ္းသပ္ခ်ိန္မွာ ဒံုးက်ည္ေတြ ဂ်ပန္ပင္လယ္ျပင္ထဲကို က်ေရာက္ခဲ့တာေတြ ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟာဝိုင်အီကျွန်းမှာ အမေရိကန်က ရေဒါတွေ ဖြန့်ကြက်ချထားမယ်

အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်လာနိုင်မှုကို တားဆီးနိုင်ဖို့ ဟာဝိုင်အီကျွန်းမှာ ရေဒါတွေ ဖြန့်ကြက်သွားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယား အစီစဉ်တွေကို တုံ့ပြန်နိုင်ဖို့ အမိမြေကာကွယ်ရေး ရေဒါ၊ ဒါမှမဟုတ် HDR-H, ကို ၅ နှစ်အတွင်း ဖြန့်ကြက်ချထားမှာဖြစ်ပါတယ်။ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် တပ်မှူး ဗိုလ်ချုပ် ဟာရီဘီ ဟာရစ်က ရေဒါဖြန့်ကြက်ချထားမှုဟာ ပစိဖိတ် သမုဒ္ဒရာကို ရောက်ရှိလာနိုင်တဲ့ ဒုံးကျည်တွေကို ဟန့်တားနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုံးကျည် ပစ်ခတ်တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုတွေ တွေ့ကြုံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားနိုင်ငံ ဒုံးကျည်စမ်းသပ်ချိန်မှာ ဒုံးကျည်တွေ ဂျပန်ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)