
0
982




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးယောက် ကျောင်းဆရာဟောင်း ဖောက်ခွဲဖို့ ကြံစည်မှု အဖမ်းဆံရ

အမေရိကန်၊ နယူးယောက် အထက်တန်းကျောင်းက ကျောင်းဆရာဟောင်းနဲ့ သူ့အမွှာ ညီဖြစ်သူဟာ အဆောက်အဦး တစ်ခုကို ဖောက်ခွဲဖို့ ကြံစည်မှုနဲ့ FBI က ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။

အသက် ၂၇ ခုနှစ်အရွယ် အမွှာ ခရစ္စတီယန် တိုရိုနဲ့ ညီဖြစ်သူ တိုင်လာ တိုရိုတို့ဟာ ဘရွန်းဇ်မှာ ရှိတဲ့ သူတို့အခန်းမှာ ဖောက်ခွဲရေး လုပ်နိုင်တဲ့ ပစ္စည်းပေါင်းများစွာ သိုလှောင်ထားတာကို တွေ့ရှိခဲ့ပါတယ်။ ရဲအရာရှိတွေက သူတို့ရဲ့ အခန်းထဲက ပုံတစ်ပုံးပေါ်မှာ လပြည့်ညမှာ အကြမ်းဖက်မှုကို သိလိမ့်မယ်လို့ စာကပ်ထားတာ တွေ့ခဲ့ပါတယ်။

ခရစ္စတီယန် တိုရိုဟာ မက်ဟန်တမ်၊ ဟာလမ်ရှိ အထက်ကျောင်း တစ်ကျောင်းမှာ ကျောင်းဆရာ လုပ်ခဲ့ပြီး မနှစ်က အလုပ်ထွက်ခဲ့သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)