
0
987




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့အကြီးဆုံး ဝက်ဈေးကွက်ဖြစ်ဖို့ တရုတ် ကြိုးစား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဆင်ဂူအန်ဂန် ကုမ္ပဏီက အကြီးဆုံး ဝက်မွေးမြူရေးကို ပထမဆုံးအကြိမ် လုပ်ဆောင်နေပြီး ကမ္ဘာ့အကြီးဆုံး ဝက်ဈေးကွက် ဖြစ်လာဖို့ ကြိုးစားနေပါတယ်။

ဒီနှစ်အကုန်မှာ အရွယ်ရောက်တဲ့ ဝက်မပေါင်း ၁ သောင်း ရှိမှာဖြစ်ပြီး သူတို့ကို ဧက ၁၈၀ နီးပါးရှိတဲ့ ကြီးမားတဲ့ လှောင်အိမ်ထဲမှာ အမေရိကန်အဆင့်မီ မွေးမြူထားပါတယ်။ အဲ့ဒါအပြင် နှစ်စဉ်နှစ်တိုင်း ဝက်သားပေါက် ၂ သိန်း ၈ သောင်း မွေးထုတ်ဖို့နဲ့ ဝက်သား တန်ချိန် ၂ သောင်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ မိသားစု တဝက်လောက်မှာ မွေးမြူထားတဲ့ ဝက်တွေဟာ သန်း ၇၀ဝ လောက်ရှိပြီး အဲ့ဒီအထဲမှာ တစ်နှစ်ကို ဝက်ကောင်ရေ ၅၀ဝ အောက်လောက်သာ ပေါ်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဝက်မွေးမြူရေး လုပ်ငန်းမှာ ကုမ္ပဏီ ၂၆ ခုက ရင်းနှီးမြုပ်နှံထားတဲ့ငွေ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံနီးပါး ရှိတယ်လို့ ကုန်သွယ်မှု ဝက်ဘ်ဆိုက် တစ်ခုမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)