သူပုန္တစ္ဦးကို သတ္ႏိုင္ရင္ ဆုေၾကး ေဒၚလာ ၅၀၀ ေပးမယ္လုိ႔ သမၼတ ဒူတာေတး ေျပာ

0
1014

ကြန္ျမဴနစ္ သူပုန္တစ္ဦးကို သတ္ျဖတ္ႏုိင္ရင္ ဆုေၾကး အေမရိကန္ ေဒၚလာ ၅၀၀ ေပးသြားမယ္လုိ႔ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက ေျပာလိုက္ပါတယ္။

ဖိလစ္ပိုင္ သမၼတက ကြန္ျမဴနစ္ ေျခမႈန္းေရး အသံုးစရိတ္ကို ေလွ်ာ့ခ်ႏုိင္ေစဖို႔ အခုလို လုပ္ေဆာင္တာ ျဖစ္တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ သမၼတ ဒူတာေတးဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ကြန္ျမဴနစ္ ေျပာက္က်ား သူပုန္အမ်ိဳးသမီးေတြရဲ႕ လိင္အဂၤါကို ေရြးခ်ယ္ပစ္ခတ္ျခင္းျဖင့္ အသံုးမဝင္ေအာင္ လုပ္ပစ္ဖို႔ ေျပာဆိုခဲ့ပါေသးတယ္။

သမၼတ ဒူတာေတးရဲ႕ မွတ္ခ်က္ဟာ အစိုးရတပ္ဖြဲ႔ေတြကို ဥပေဒနဲ႔အညီ တာဝန္ယူ လုပ္ကိုင္ရေစမယ့္အစား စစ္ရာဇဝတ္မႈ က်ဴးလြန္ေအာင္ တြန္းအားေပးေနတာ ျဖစ္တယ္လို႔ လူအခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က ေျပာပါတယ္။ သမၼတ ဒူတာေတးဟာ သူရဲ႕လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာရဲ႕ ေဝဖန္မႈေတြ ရင္ဆုိင္ေနရသလို ႏုိင္ငံတကာ ရာဇဝတ္ တရား႐ံုးကလည္း သမၼတ ဒူတာေတးကို ကနဦး စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သူပုန်တစ်ဦးကို သတ်နိုင်ရင် ဆုကြေး ဒေါ်လာ ၅၀ဝ ပေးမယ်လို့ သမ္မတ ဒူတာတေး ပြော

ကွန်မြူနစ် သူပုန်တစ်ဦးကို သတ်ဖြတ်နိုင်ရင် ဆုကြေး အမေရိကန် ဒေါ်လာ ၅၀ဝ ပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောလိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတက ကွန်မြူနစ် ခြေမှုန်းရေး အသုံးစရိတ်ကို လျှော့ချနိုင်စေဖို့ အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ သမ္မတ ဒူတာတေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကွန်မြူနစ် ပြောက်ကျား သူပုန်အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကို ရွေးချယ်ပစ်ခတ်ခြင်းဖြင့် အသုံးမဝင်အောင် လုပ်ပစ်ဖို့ ပြောဆိုခဲ့ပါသေးတယ်။

သမ္မတ ဒူတာတေးရဲ့ မှတ်ချက်ဟာ အစိုးရတပ်ဖွဲ့တွေကို ဥပဒေနဲ့အညီ တာဝန်ယူ လုပ်ကိုင်ရစေမယ့်အစား စစ်ရာဇဝတ်မှု ကျူးလွန်အောင် တွန်းအားပေးနေတာ ဖြစ်တယ်လို့ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ သမ္မတ ဒူတာတေးဟာ သူရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရသလို နိုင်ငံတကာ ရာဇဝတ် တရားရုံးကလည်း သမ္မတ ဒူတာတေးကို ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)