
0
974





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်ရှိ တုပ်ကွေးရောဂါတွေကို ကာကွယ်ဖို့ ဆေးတွေက အာနိသင် နည်းနေ

လက်ရှိ ဖြစ်ပွားနေတဲ့ တုပ်ကွေးရောဂါ အမျိုးအစားတွေကို ကာကွယ်ဖို့ ဆေးတွေက အာနိသင် နည်းနေတယ်လို့ အမေရိကန်မှာ သတိပေးထားပါတယ်။

ရှိနေတဲ့ ဆေးတွေဟာ ရောဂါဖြစ်ပွားလာရင် ၃၆ ရာခိုင်နှုန်းလောက်သာ ကုစားပေးနိုင်လို့ ဒီနှစ် တုပ်ကွေးရာသီမှာ အခြေအနေ ဆိုးနိုင်တယ်လို့ ဓာတ်မတည့်မှုနှင့် ကူးစက်မှု ရောဂါများ အင်စတီကျု (NIAID) က သတိပေးထားပါတယ်။

၂၀၁၇ – ၂၀၁၈ ခုနှစ်ဟာ အဆိုးဝါးဆုံး တုပ်ကွေးဖြစ်ပွားတဲ့ နှစ်ဖြစ်ကြောင်း၊ ကာကွယ်ဆေး တစ်မျိုးတည်းနဲ့ ကူးစက်မှု အားလုံးကို မကာကွယ်နိုင်ကြောင်း ဒေါက်တာ ဖာအူစီက ပြောပါတယ်။

H3N2 လို တုပ်ကွေးရောဂါ အမျိုးအစားဆိုရင် ဆေးဝါးတွေက ရောဂါကို ၂၅ ရာခိုင်နှုန်းသာ ကုသပေးနိုင်ပါတယ်။ တုပ်ကွေးရာသီမှာ ခုခံအား နည်းတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ပိုပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)