ေတာင္အာဖရိက သမၼတအျဖစ္ ဆိုင္ေရးလ္ ရမ္မာဖိုဆာ ကို ခန္႔အပ္

0
259

ေတာင္အာဖရိက သမၼတ ဂ်က္ေကာ့ ဇူးမား ရာထူးက ႏုတ္ထြက္သြားၿပီးေနာက္ ဆိုင္ေရးလ္ ရမ္မာဖိုဆာက ေတာင္အာဖရိက သမၼတ ျဖစ္လာခဲ့ပါတယ္။

သူဟာ အာဖရိက အမ်ိဳးသား ကြန္ဂရက္ (ANC) ပါတီ လႊမ္းမုိးထားတဲ့ လႊတ္ေတာ္အတြင္း အမည္စာရင္း တင္သြင္းခံရတဲ့ တစ္ဦးတည္းေသာ သမၼတေလာင္း ျဖစ္ခဲ့ပါတယ္။ ဆိုင္ေရးလ္ ရမ္မာဖိုဆာက ဇူးမား လက္ထက္မွာ ပ်ံ႔ႏွံ႔ေနခဲ့တဲ့ အက်င့္ပ်က္ လာဘ္စားမႈေတြကို တုိက္ဖ်က္သြားမယ္လုိ႔ သူရဲ႕ ပထမဆံုး သမၼတမိန္႔ခြန္းမွာ ထည့္သြင္းေျပာဆုိသြားခဲ့ပါတယ္။

သမၼတေဟာင္း ဇူးမားက အက်င့္ပ်က္ လာဘ္စားမႈေတြ လုပ္ခဲ့တယ္လို႔ စြပ္စြဲမႈ အမ်ားအျပား ခံရေပမယ့္ အမွားအယြင္း လုပ္တာ မရွိခဲ့ဘူးလို႔ တံု႔ျပန္ခဲ့ပါတယ္။ ဇူးမားဟာ သူနဲ႔ ပုဂၢိဳလ္ေရး ရင္းႏွီးမႈရွိၿပီး ၾကြယ္ဝခ်မ္းသာတဲ့ ဂတ္တာ မိသားစုကို ႏိုင္ငံမူဝါဒေတြအေပၚလႊမ္းမုိးခြင့္ရေအာင္ လုပ္တယ္လို႔ စြပ္စြဲမႈေတြလည္း ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်အာဖရိက သမ္မတအဖြစ် ဆိုင်ရေးလ် ရမ်မာဖိုဆာ ကို ခန့်အပ်

တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမား ရာထူးက နုတ်ထွက်သွားပြီးနောက် ဆိုင်ရေးလ် ရမ်မာဖိုဆာက တောင်အာဖရိက သမ္မတ ဖြစ်လာခဲ့ပါတယ်။

သူဟာ အာဖရိက အမျိုးသား ကွန်ဂရက် (ANC) ပါတီ လွှမ်းမိုးထားတဲ့ လွှတ်တော်အတွင်း အမည်စာရင်း တင်သွင်းခံရတဲ့ တစ်ဦးတည်းသော သမ္မတလောင်း ဖြစ်ခဲ့ပါတယ်။ ဆိုင်ရေးလ် ရမ်မာဖိုဆာက ဇူးမား လက်ထက်မှာ ပျံ့နှံ့နေခဲ့တဲ့ အကျင့်ပျက် လာဘ်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ သူရဲ့ ပထမဆုံး သမ္မတမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

သမ္မတဟောင်း ဇူးမားက အကျင့်ပျက် လာဘ်စားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲမှု အများအပြား ခံရပေမယ့် အမှားအယွင်း လုပ်တာ မရှိခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဇူးမားဟာ သူနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိပြီး ကြွယ်ဝချမ်းသာတဲ့ ဂတ်တာ မိသားစုကို နိုင်ငံမူဝါဒတွေအပေါ်လွှမ်းမိုးခွင့်ရအောင် လုပ်တယ်လို့ စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)