
0
926




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျနီဖာ အနစ္စတန်နဲ့ ဂျပ်စတင် သောရက်ဇ်တို့ လမ်းခွဲ

ဟောလိဝုဒ်စုံတွဲ တစ်တွဲဖြစ်တဲ့ ဂျနီဖာ အနစ္စတန်နဲ့ ဂျပ်စတင် သောရက်ဇ်တို့ဟာ အိမ်ထောင်သက် ၂ နှစ်အကြာမှာ လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဟာသဇာတ်မြူးကား တစ်ကားဖြစ်တဲ့ Wanderlust ကို ရိုက်ကူးစဉ် တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ လမ်းခွဲရတဲ့ အကြောင်းရင်းကို နှစ်ယောက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ မိတ်ဆွေတွေအဖြစ် ဆက်ရှိမယ်လို့သာ ပြောဆိုခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် အနစ္စတန်နဲ့ အသက် ၄၆ နှစ်အရွယ် သောရက်ဇ်တို့ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လတုန်းက လော့စ် အိန်ဂျလိစ်မှာ တိတ်တဆိတ် လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်မထပ်ခင်က ၄ နှစ် အတူနေခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)