
0
1074




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခွေးနှစ်ဟာ သမ္မတ ထရမ့်အတွက် မကောင်းဘူးလို့ တရုတ် ဗေဒင်ဆရာမ ဟော
တရုတ်ပြက္ခဒိန်အရ ဒီနှစ်ဟာ ခွေးနှစ်ဖြစ်လို့ ၁၉၄၆ ခုနှစ် ဇွန်လ ခွေးနှစ်ဖွား အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်အတွက် ခက်ခဲတဲ့နှစ် ဖြစ်လိမ့်မယ်လို့ တရုတ် နက္ခတ်ဗေဒင်ဆရာက ဟောကိန်းထုတ်လိုက်ပါတယ်။

စင်ကာပူ အခြေစိုက် တရုတ် နက္ခတ်ဗေဒင်ဆရာမ ကလာရစ် ချန်းက ထရမ့်ဟာ မီးခွေးနှစ်ဖွားဖြစ်ပြီး ရည်မှန်းချက် ကြီးတယ်၊ မောင်းနှင်အားရှိတယ်၊ စွမ်းအားအပြည့်ရှိတယ်လို့ ပြောပါတယ်။ မီးခွေးနှစ်ဖွားတွေဟာ ခေါင်းဆောင်ကောင်း ဖြစ်ပေမယ့် ပုဂ္ဂိုလ်စွဲနဲ့ အကဲဖြတ်တာ၊ ခေါင်းမာတာ၊ အပြောင်းအလဲကို ခုခံတာတွေ လုပ်တတ်တယ်လို့ ဗေဒင်ဆရာမ ချန်းက ဟောပါတယ်။

သမ္မတ ထရမ့်က သူ့ကိုယ်ပိုင်အမြင်ရှိတယ်၊ သမားရိုးကျ မဟုတ်တဲ့ အတွေးအခေါ် ရှိတယ်၊ သူ့စရိုက်လက္ခဏာက သူ့ကို အခက်အခဲတွေ ဖြစ်စေလိမ့်မယ်လို့ ဆရာမ ချန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)