ဖေလာ္ရီဒါ ဆယ္ေက်ာ္သက္ လူသတ္သမားက ေနာင္တရေၾကာင္း ေျပာ

0
959

အေမရိကန္၊ ဖေလာ္ရီဒါျပည္နယ္က စာသင္ေက်ာင္းမွာ ေက်ာင္းသားေက်ာင္းသူနဲ႔ ဆရာ ၁၇ ဦးကို ပစ္သတ္ခဲ့တဲ့ ဆယ္ေက်ာ္သက္ လူသတ္သမားက ဝမ္းနည္းေၾကာင္း၊ ေၾကကြဲေၾကာင္းနဲ႔ ေနာင္တရရွိေၾကာင္း ေျပာတယ္လို႔ သူ႔ေရွ႕ေနက ေျပာပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ လူသတ္သမား နီကိုလပ္စ္ ခ႐ုဇ္ကို ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွာ ပထမဆံုးအႀကိမ္ ႐ံုးထုတ္ၿပီး ႀကိဳတင္ႀကံစည္ သတ္ျဖတ္မႈ ၁၇ မႈနဲ႔ စြဲခ်က္တင္တာ ခ်ဳပ္ရက္ ရမန္ယူပါတယ္။ ခ႐ုဇ္ဟာ ဗယ္လင္တိုင္းေဒး ျဖစ္တဲ့ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ ေန႔လည္ပိုင္းမွာ ပါ့ခ္လန္းရွိ မေဂ်ာ္ရတီ စတုန္းမန္း ေဒါက္ဂလပ္ အထက္တန္းေက်ာင္းမွာ ပစ္ခတ္သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။

မႏွစ္က မိခင္ဆံုးသြားၿပီးေနာက္ မိဘမဲ့ ျဖစ္ေနတဲ့ ခ႐ုဇ္ဟာ လူျဖဴ အစြန္းေရာက္ အုပ္စုေတြနဲ႔ ေပါင္းမိသြားလိမ့္မယ္လို႔ ၂၀၁၇ ခုႏွစ္မွာ သတိေပးခ်က္ ရရွိေၾကာင္း FBI က ဝန္ခံပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖလော်ရီဒါ ဆယ်ကျော်သက် လူသတ်သမားက နောင်တရကြောင်း ပြော

အမေရိကန်၊ ဖလော်ရီဒါပြည်နယ်က စာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူနဲ့ ဆရာ ၁၇ ဦးကို ပစ်သတ်ခဲ့တဲ့ ဆယ်ကျော်သက် လူသတ်သမားက ဝမ်းနည်းကြောင်း၊ ကြေကွဲကြောင်းနဲ့ နောင်တရရှိကြောင်း ပြောတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် လူသတ်သမား နီကိုလပ်စ် ခရုဇ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ကြိုတင်ကြံစည် သတ်ဖြတ်မှု ၁၇ မှုနဲ့ စွဲချက်တင်တာ ချုပ်ရက် ရမန်ယူပါတယ်။ ခရုဇ်ဟာ ဗယ်လင်တိုင်းဒေး ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ပါ့ခ်လန်းရှိ မဂျော်ရတီ စတုန်းမန်း ဒေါက်ဂလပ် အထက်တန်းကျောင်းမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်က မိခင်ဆုံးသွားပြီးနောက် မိဘမဲ့ ဖြစ်နေတဲ့ ခရုဇ်ဟာ လူဖြူ အစွန်းရောက် အုပ်စုတွေနဲ့ ပေါင်းမိသွားလိမ့်မယ်လို့ ၂၀၁၇ ခုနှစ်မှာ သတိပေးချက် ရရှိကြောင်း FBI က ဝန်ခံပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)