ဟန်းဆက်အဟောင်းတွေကို သတ္တုအရည်ကျိုပြီး တိုကျိုအိုလံပစ်အတွက် ဆုတံဆိပ်တွေ လုပ်သွားမယ်

0
284

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လာမယ့် ၂၀၂၀ ပြည့်နှစ်ကျရင် လက်ခံကျင်းပမယ် အိုလံပစ်ပွဲတော်အတွက် ဆုတံဆိပ်တွေကို မသုံးဖြစ်တော့တဲ့ ဖုန်းဟန်းဆက်အဟောင်းတွေကို သတ္တုအရည်ကျိုပြီး Recycle အဖြစ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ ပေးအပ်မယ့် ဆုတံဆိပ်တွေလုပ်ဖို့ သတ္တုအလေးချိန် ၈ တန်အထိ လိုအပ်တဲ့အတွက် အသုံးမပြုတော့တဲ့ ဖုန်းဟန်းဆက်တွေကို လှူဒါန်းကြဖို့ အိုလံပစ်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီက တိုက်တွန်းခဲ့တာပါ။

ကော်မတီက တိုက်တွန်းပြီးနောက်မှာ ရာနဲ့ချီတဲ့ ဂျပန်ပြည်သူတွေဟာ တိုကျိုမက်ထရိုပိုလစ်တန်အစိုးရရုံးရှေ့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တန်းစီပြီး သူတို့ရဲ့ ဟန်းဆက်အဟောင်းတွေကို လာရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

ကော်မတီဟာ ဒီအစီအစဉ်ကို ဒီလအစပိုင်းလောက်မှာ ကြေညာခဲ့ပြီး သုံးပြီးသားပစ္စည်းကို နောက်တစ်မျိုးအဖြစ် Recycle လုပ်ပြီး ပြန်အသုံးချတဲ့ စနစ်မှာ ပြည်သူတွေ တိုက်ရိုက်ပါဝင်ဖို့နဲ့ ယန်း ၃ ထရီလီယံ(အမေရိကန် ဒေါ်လာ ၂၆.၅ ဘီလျံ)ကျော် ကုန်ကျမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ကုန်ကျစရိတ်လျှော့ချဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုကျို အိုလံပစ်အားကစားပြိုင်ပွဲမှာ ချီးမြှင့်မယ့် ဆံတံဆိပ်ပေါင်း ၅၀၀၀ အတွက် ရွှေ ၄၀ ကီလို၊ ငွေ ၂၉၃၀ ကီလိုနဲ့ ကြေး ၂၉၉၄ ကီလိုစီ သွန်းလုပ်ဖို့ လုပ်အပ်နေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)