မပျံသန်းရနယ်မြေထဲဝင်လာတဲ့ ဒရုန်းတွေကို လင်းယုန်နဲ့ သုတ်ယူဖို့ ပြင်သစ်လေတပ် သင်ကြားပေးနေ

0
341

ပြင်သစ်နိုင်ငံမှာ ဒရုန်းတွေ မြို့တွင်းက မပျံသန်းရနယ်မြေထဲမှာ ဝင်ပျံသန်းရင် သုတ်ယူသိမ်းဆည်းဖို့ လေတပ်က လင်းယုန်ငှက်တွေကို လေ့ကျင့်သင်ကြားပေးနေပါတယ်။

အဲဒီလင်းယုန်တွေကို မောင့်ဒီမာဆင်ဒေသက ပြင်သစ်လေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်သင်ကြားပေးနေတာပါ။

ဒီကနေ့ခေတ်မှာ ဒရုန်းတွေဟာ ဘယ်သူမဆို ဝယ်ယူလို့ရပြီး လွယ်လင့်တကူ မောင်းနှင်လို့ရတဲ့အတွက် လုံခြုံရေးအရ အရေးကြီးတဲ့နေရာတွေကို ဝင်ရောက်နိုင်တာကြောင့် အခုလို အစီအစဉ်ကို လုပ်တာလို့လည်း ဆိုပါတယ်။

လင်းယုန်တွေကို လေ့ကျင့်သင်ကြားပေးရာမှာ လင်းယုန်ပေါက်တွေကို အကောင်မဖြစ်ခင် ဥခွံထဲမှာရှိနေစဉ်ကတည်းက ဒရုန်းတွေဘေးမှာ ဥကိုချထားပြီး အကောင်ပေါက်ပြီး ရက်အနည်းငယ်ကြာတဲ့အထိ ဒရုန်းပေါ်မှာပဲ နေစေတာ ဖြစ်ပါတယ်။

အဲဒီနောက် အရွယ်ရောက်လာပြီးနောက်မှာတော့ လင်းယုန်တွေကို ဒရုန်းတွေကို သူတို့ရဲ့သားကောင်အဖြစ် ထင်မြင်လာအောင် လေ့ကျင့်ပေးပြီး ဒရုန်းတစ်စီးကို သုတ်ယူနိုင်ရင် အသားကျွေးတဲ့ နည်းစနစ်နဲ့ လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က သမ္မတအိမ်တော်အနီးမှာ ဒရုန်းတစ်စင်း ပျံသန်းတဲ့ဖြစ်ရပ် ဖြစ်ပွားပြီးနောက်မှာ လုံခြုံရေးတပ်လှန့်တာတွေရှိခဲ့ပြီး အခု ဒီအစီအစဉ်ကို အကောင်အထည်ဖော်လိုက်တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)