ယူကရိန်း ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုကို အထူးတရားရုံးနဲ့ စစ်ဆေးမယ်

0
35

ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခံရမှုအတွက် အထူးတရားရုံးနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီက ကတိပြုပြောဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ သာမာန်ဖြစ်ရိုးဖြစ်စဉ်အမှု မဟုတ်ဘဲ တစ်ကမ္ဘာလုံးက စောင်ကြည့်နေမယ့် အမှုဖြစ်တယ်လို့ အီရန်သမ္မတ ရိုဟာနီက ပြောဆိုထားပါတယ်။

ခရီးသည်တင်လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချမှုအတွက် တစ်ဦးတစ်ယောက်တည်းကို အပြစ်တင်လို့ ရမှာမဟုတ်ဘဲ ပါဝင်ပတ်သက်သူ အားလုံးကို အရေးယူသွားရမယ်လို့ အီရန်သမ္မတ ဆိုပါတယ်။ ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ချမှုနဲ့ ပတ်သက်လို့ ဆက်နွယ်သူ အများအပြားကိုလည်း လက်ရှိအချိန်မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။



ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခံရမှုအတွက် အထူးတရားရုံးနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီက ကတိပြုပြောဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ သာမာန်ဖြစ်ရိုးဖြစ်စဉ်အမှု မဟုတ်ဘဲ တစ်ကမ္ဘာလုံးက စောင်ကြည့်နေမယ့် အမှုဖြစ်တယ်လို့ အီရန်သမ္မတ ရိုဟာနီက ပြောဆိုထားပါတယ်။  

ခရီးသည်တင်လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချမှုအတွက် တစ်ဦးတစ်ယောက်တည်းကို အပြစ်တင်လို့ ရမှာမဟုတ်ဘဲ ပါဝင်ပတ်သက်သူ အားလုံးကို အရေးယူသွားရမယ်လို့ အီရန်သမ္မတ ဆိုပါတယ်။ ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ချမှုနဲ့ ပတ်သက်လို့ ဆက်နွယ်သူ အများအပြားကိုလည်း လက်ရှိအချိန်မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ခရီးသည်တင် လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ချခဲ့တဲ့ လုပ်ရပ်အပေါ် မကျေနပ်တဲ့အတွက် အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန်မှာ ဖမ်းဆီးစစ်ဆေးတာတွေ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ယူကရိန်း ခရီးသည်တင်လေယာဉ် တစ်စီးဟာ ဇန်နဝါရီလ ၈ ရက်နေ့က တီဟီရန်မြို့ရှိ နိုင်ငံတကာလေဆိပ်ကနေ ပျံတက်ပြီးနောက် မကြာမီမှာပဲ ပျက်ကျသွားခဲ့ရာ ခရီးသည် ၁၇၆ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။