တရုတ်မှာဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါက Coronavirus အမျိုးအစားသစ် ဖြစ်ကြောင်း အတည်ပြု

0
127

တရုတ်နိုင်ငံမှာ ပြန့်ပွားနေတဲ့ အမည်မသိသေးတဲ့ အဆုတ်ရောင်ရောဂါ ခံစားရသူတွေမှာ တွေ့ရှိရတဲ့ ပိုးဟာ Coronavirus အမျိုးအစားသစ်တစ်မျိုး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဆီကနေ သတင်းအချက်အလက်တွေ လက်ခံရရှိပြီးနောက်မှာ အဲဒီလို အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၄ ရက်နေ့က ဂျီနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ WHO အရာရှိတစ်ဦးက ပြောကြားခဲ့တာပါ။
ဆေးဘက်ဆိုင်ရာ ဌာနတွေအတွက် အဲဒီရောဂါကူးစက်မှု ထိန်းချုပ်ရေး ညွှန်ကြားချက်တွေကို WHO က အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ပြန်ထားပါတယ်။ အခုလောလောဆယ်မှာ အဲဒီ ရောဂါသစ်အမျိုးအစား အတွက် ထိရောက်တဲ့ကုသနည်း မရှိသေးကြောင်းနဲ့ ဒီထက်ပိုပြီး သုတေသနပြုလုပ်လို့ လိုအပ်လိမ့်မယ်လို့ WHO က ပြောပါတယ်။

ဒီအဆုတရြောငရြောဂါဟာ ပှီးခဲ့တဲ့ ဒီဇငဘြာလကတညြးက တရုတနြိုငငြံရဲ့ ကုနြးတှငြးပိုငြးဖှဈတဲ့ ဟူဘေး ပှညနြယကြ ဝူဟနမြှို့မှာ ဖှဈပှားခဲ့တာလို့ သတငြးတှမှော ဖောပြှပါတယြ။ အဲဒီလူနာတှမှော Coronavirus အမွိုးအစားသဈ တဈမွိုးကို တှေ့ရှိခဲ့ပါတယြ။ အဲဒီဗိုငြးရပဈြကို အခုလစောစောပိုငြးက ဝူဟနမြှို့ကလာတဲ့ အသကြ ၆၀ အရှယြ တရုတအြမွိုးသမီး ခရီးသှားတဈဦးမှာ တှေ့ရှိခဲ့တယလြို့ ထိုငြးနိုငငြံ ကနွြးမာရေးဝနကြှီးဌာနက ပှောပါတယြ။

တရုတျမှာဖွဈနတေဲ့ အဆုတျရောငျရောဂါက Coronavirus အမြိုးအစားသဈ ဖွဈကွောငျး အတညျပွု

တရုတ်နိုင်ငံမှာ ပြန့်ပွားနေတဲ့ အမည်မသိသေးတဲ့ အဆုတ်ရောင်ရောဂါ ခံစားရသူတွေမှာ တွေ့ရှိရတဲ့ ပိုးဟာ Coronavirus အမျိုးအစားသစ်တစ်မျိုး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဆီကနေ သတင်းအချက်အလက်တွေ လက်ခံရရှိပြီးနောက်မှာ အဲဒီလို အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၄ ရက်နေ့က ဂျီနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ WHO အရာရှိတစ်ဦးက ပြောကြားခဲ့တာပါ။

ဆေးဘက်ဆိုင်ရာ ဌာနတွေအတွက် အဲဒီရောဂါကူးစက်မှု ထိန်းချုပ်ရေး ညွှန်ကြားချက်တွေကို WHO က အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ပြန်ထားပါတယ်။ အခုလောလောဆယ်မှာ အဲဒီ ရောဂါသစ်အမျိုးအစား အတွက် ထိရောက်တဲ့ကုသနည်း မရှိသေးကြောင်းနဲ့ ဒီထက်ပိုပြီး သုတေသနပြုလုပ်လို့ လိုအပ်လိမ့်မယ်လို့ WHO က ပြောပါတယ်။

ဒီအဆုတ်ရောင်ရောဂါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းဖြစ်တဲ့ ဟူဘေး ပြည်နယ်က ဝူဟန်မြို့မှာ ဖြစ်ပွားခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီလူနာတွေမှာ Coronavirus အမျိုးအစားသစ် တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဗိုင်းရပ်စ်ကို အခုလစောစောပိုင်းက ဝူဟန်မြို့ကလာတဲ့ အသက် ၆၀ အရွယ် တရုတ်အမျိုးသမီး ခရီးသွားတစ်ဦးမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)