ဖိလစ်ပိုင်မှာ မီးတောင်ပေါက်ကွဲမှု ဆက်လက်ဖြစ်လာနိုင််လို့ သတိပေး

0
11

လာမယ့်ရက်တွေအတွင်း ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာအနီးက မီးတောင်တစ်ခု ထပ်မံပေါက်ကွဲနိုင်ပြီး အဲဒါကြောင့် ဘေးအန္တရာယ် ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ် ရှိကြောင်း ဖိလစ်ပိုင်အရာရှိတွေက ပြောပါတယ်။

မနီလာမြို့ကနေ ကီလိုမီတာ ၆၀ လောက်အကွာမှာရှိတဲ့ အဲဒီ တားလ်မီးတောင်ဟာ တနင်္ဂနွေနေ့မှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေဟာ တိမ်းရှောင်ရေး စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အဆင့် ၅ ရှိတဲ့ အန္တရာယ်သတ်မှတ်ချက်မှာ အဆင့် ၄ အထိ အာဏာပိုင်တွေက တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ လူပေါင်း ၄၃,၀၀၀ ကျော် နေအိမ်စွန့်ခွာခဲ့ကြရပြီး တိမ်းရှောင်ရေးစခန်း ၂၀၀ ကျော် ဆောက်လုပ်ခဲ့ရပါတယ်။

တခွို့လူတှဟော မကွစြိနဲ့ အသကရြှူလမြးကှောငြးဆိုငရြာ ဝဒနောတှအတှေကြ ကုသမှု ခံယူနကှရေပါတယြ။ ပိုပှီးတိုးလာနတေဲ့ မီးတောငဖြုနမြှုန့တြှကေို ရှူရှိုကမြိတာကှောင့ြ ရောဂါရဖို့ ပိုလှယလြာကှောငြး ဆရာဝနတြဈဦးက ပှောပါတယြ။

ဖိလဈပိုငျမှာ မီးတောငျပေါကျကှဲမှု ဆကျလကျဖွဈလာနိုငျလို့ သတိပေး 

လာမယ့်ရက်တွေအတွင်း ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာအနီးက မီးတောင်တစ်ခု ထပ်မံပေါက်ကွဲနိုင်ပြီး အဲဒါကြောင့် ဘေးအန္တရာယ် ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ် ရှိကြောင်း ဖိလစ်ပိုင်အရာရှိတွေက ပြောပါတယ်။

မနီလာမြို့ကနေ ကီလိုမီတာ ၆၀ လောက်အကွာမှာရှိတဲ့ အဲဒီ တားလ်မီးတောင်ဟာ တနင်္ဂနွေနေ့မှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေဟာ တိမ်းရှောင်ရေး စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အဆင့် ၅ ရှိတဲ့ အန္တရာယ်သတ်မှတ်ချက်မှာ အဆင့် ၄ အထိ အာဏာပိုင်တွေက တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ လူပေါင်း ၄၃,၀၀၀ ကျော် နေအိမ်စွန့်ခွာခဲ့ကြရပြီး တိမ်းရှောင်ရေးစခန်း ၂၀၀ ကျော် ဆောက်လုပ်ခဲ့ရပါတယ်။

တချို့လူတွေဟာ မျက်စိနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေအတွက် ကုသမှု ခံယူနေကြရပါတယ်။ ပိုပြီးတိုးလာနေတဲ့ မီးတောင်ဖုန်မှုန့်တွေကို ရှူရှိုက်မိတာကြောင့် ရောဂါရဖို့ ပိုလွယ်လာကြောင်း ဆရာဝန်တစ်ဦးက ပြောပါတယ်။