လူေနထူထပ္တဲ့အတြက္ ကြန္ကရစ္ေရပိုက္လုိင္းေတြနဲ႔အိမ္ယာလုပ္ဖုိ႔ ေဟာင္ေကာင္စတင္

0
2111

ေဟာင္ေကာင္ရဲ့ လူဦးေရျမင့္မားလာမႈအတြက္ ေနအိမ္အခက္အခဲ ျဖစ္ေနသူေတြကို အဆင္ေျပေျပေန ထုိင္ႏိုင္ဖုိ႔  ေဟာင္ေကာင္ ဗိသုကာ ပညာရွင္ေတြက ကြန္ကရစ္ပိုက္လံုးနဲ႔ ျပဳလုပ္တဲ့ အေသးစားေနအိမ္ေတြကို စတင္လုပ္ ေဆာင္ေနၿပီ ျဖစ္ပါတယ္။

အဲ့ဒီေရပိုက္လုိင္းေတြနဲ႔ ျပဳလုပ္ထားတဲ့အိမ္ဟာ  အက်ယ္  ၈ ေပ နဲ႔ အရွည္ စတုရန္းေပ ၁၀၀ ရွိၿပီး အနည္းဆံုး လူ ၁ ေယာက္ကေန ၂ ေယာက္အထိ ေနလုိ႔ရပါတယ္။ အဲ့ဒီ ဒီဇိုင္းကို ဗိသုကာ ပညာရွင္ James Law ကေရး ဆြဲခဲ့ၿပီး OPod Tube Housing system လုိ႔အမည္ေပး ထားပါတယ္။

အခန္းထဲမွာရွိတဲ့ ဆိုဖာခံုကို အိပ္ယာအျဖစ္ေျပာင္းလဲႏိုင္ပါတယ္။ ပိုင္းလုိင္းကို ၂ ပိုင္းခြဲျခားျပ သထားျပီး အေရွ႔ တစ္ပိုင္းက ဧည့္ခန္းကေန အိပ္ယာအျဖစ္ ေျပာင္းလဲႏိုင္ျပီး ေနာက္တစ္ပိုင္းမွာ အေသးစား ေရခဲေသတၱာ၊ ေရခ်ိဳးခန္း ၊ အ၀တ္အစားေတြ နဲ႔ တျခားအသံုးအေဆာင္ပစၥည္းေတြ ထားဖို႔ေနရာပါရွိပါတယ္။

ဒီအေသးစား ပိုက္လိုင္းအိမ္ေတြကို  ျမိဳျပရဲ့ က်ဥ္းေၿမာင္းလွတဲ့ အေဆာက္အဦး ၂ ခုၾကား ေတြနဲ႔ တျခားအေသးစားေနရာလြတ္ ေတြမွာ ေဆာက္လုုပ္သြားမွာျဖစ္ၿပီး တစ္လံုးကို အေမရိကန္ ေဒၚလာ ၁၅၀၀၀ က်သင့္မွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူနေထူထပ်တဲ့အတွက် ကွန်ကရစ်ရေပိုက်လိုင်းတွေနဲ့အိမ်ယာလုပ်ဖို့ ဟောင်ကောင်စတင်

ဟောင်ကောင်ရဲ့ လူဦးရေမြင့်မားလာမှုအတွက် နေအိမ်အခက်အခဲ ဖြစ်နေသူတွေကို အဆင်ပြေပြေနေ ထိုင်နိုင်ဖို့ ဟောင်ကောင် ဗိသုကာ ပညာရှင်တွေက ကွန်ကရစ်ပိုက်လုံးနဲ့ ပြုလုပ်တဲ့ အသေးစားနေအိမ်တွေကို စတင်လုပ် ဆောင်နေပြီ ဖြစ်ပါတယ်။

အဲ့ဒီရေပိုက်လိုင်းတွေနဲ့ ပြုလုပ်ထားတဲ့အိမ်ဟာ အကျယ် ၈ ပေ နဲ့ အရှည် စတုရန်းပေ ၁၀ဝ ရှိပြီး အနည်းဆုံး လူ ၁ ယောက်ကနေ ၂ ယောက်အထိ နေလို့ရပါတယ်။ အဲ့ဒီ ဒီဇိုင်းကို ဗိသုကာ ပညာရှင် James Law ကရေး ဆွဲခဲ့ပြီး OPod Tube Housing system လို့အမည်ပေး ထားပါတယ်။

အခန်းထဲမှာရှိတဲ့ ဆိုဖာခုံကို အိပ်ယာအဖြစ်ပြောင်းလဲနိုင်ပါတယ်။ ပိုင်းလိုင်းကို ၂ ပိုင်းခွဲခြားပြ သထားပြီး အရှေ့ တစ်ပိုင်းက ဧည့်ခန်းကနေ အိပ်ယာအဖြစ် ပြောင်းလဲနိုင်ပြီး နောက်တစ်ပိုင်းမှာ အသေးစား ရေခဲသေတ္တာ၊ ရေချိုးခန်း ၊ အဝတ်အစားတွေ နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ထားဖို့နေရာပါရှိပါတယ်။

အဲ့ဒီအသေးစား ပိုက်လိုင်းအိမ်တွေကို မြိုပြရဲ့ ကျဉ်းမြောင်းလှတဲ့ အဆောက်အဦး ၂ ခုကြား တွေနဲ့ တခြားအသေးစားနေရာလွတ် တွေမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး တစ်လုံးကို အမေရိကန် ဒေါ်လာ ၁၅၀ဝ၀ ကျသင့်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)