
0
2154

 




>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီယား အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယား သံစုံတီးဝိုင်းအဖွဲ့ စေလွှတ်မယ်

မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်လမှာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကိုပါဝင်စေဖို့ အဖွဲ့ဝင် ၁၄၀ ဦးပါ မြောက်ကိုရီးယား သံစုံတီးဝိုင်းအဖွဲ့ကိုစေလွတ်ဖို့ သဘောတူခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့နျူကလီးယား အစီစဉ်တွေနဲ့ပတ်သက်လို့ တင်းမာမှုတွေရှိနေချိန်မှာပဲ တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲကို ပါဝင်ဆင်နွဲဖို့တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ချိန် အတွင်း သဘောတူညီမှု ရခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံ သံစုံတီးဝိုင်းအဖွဲ့ဟာ ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားပြိုင်ပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ သံစုံတီးဝိုင်းအဖွဲ့မလွှတ်ခင် တီဝိုင်းအဖွဲ့ဖျော်ဖြေမယ့်နေရာကို စုံစမ်းနိုင်ဖို့ စုံစမ်းရေးအဖွဲ့တွေ အရင် စေလွှတ်မှာဖြစ်တယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)