
0
2141




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျက်စတင်ဘီဘာ နဲ့ ပြန်တွဲနေတာကို ဆယ်လီနာဂိုမက်စ့် မိသားစု မပျော်ရွင်

ကမ္ဘာကျော်အဆိုတော် ဆယ်လီနာဂိုမက်စ်ရဲ့ မိခင်ဖြစ်သူ မန်ဒီတီဖေး က သမီးဖြစ်သူ ဟာ ကမ္ဘာကျော် အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ပြန်လည်တွဲခုတ်နေတာကို ပျော်ရွင်မှုမရှိဖြစ်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

မန်ဒီတီဖေး ဟာ ပျော်ရွင်မှုမရှိပေမယ့် ဆယ်လီနာဂိုးမက်စ်ရဲ့ ဘဝကို စွက်ဖက်မှာ မဟုတ်ဘူးလို့ပြောခဲ့ ပါတယ်။ ဆယ်လီနာဂိုမက်စ့် ဟာ အရွယ်ရောက်နေသူဖြစ်လို့ ကိုယ့်ဘဝကို ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ မန်ဒီတီဖေးကပြောခဲ့ပါတယ်။

ဆယ်လီနာဂိုမက်စ် ဟာ ပြီးခဲ့တဲ့နှစ်က ချစ်သူဟောင်း ဂျက်စတင်ဘီဘာနဲ့ ပြန်တွဲမှုတွေရှိခဲ့ပါတယ်။ ဆယ်လီနာဂိုမက်စ် နဲ့ မိခင်ဖြစ်သူတို့ဟာ ဂျက်စတင်ဘီဘာနဲ့ ပြန်မတွဲခင်တည်းက ဆက်ဆံရေး အေးစက်မှုတွေရှိနေခဲ့ပြီး ဆယ်လီနာဂိုမက်စ့် ဟာ ဂျက်စတင်ဘီဘာနဲ့ ပြန်တွဲနေတာကို မိခင်ဖြစ်သူက ဝေဖန်တာတွေနဲ့ ပတ်သက်လို့ ဝမ်းနည်းစိတ်ပျက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)