ဗင္နီဇြဲလား အစိုးရ႐ံုးေတြကို ရဟတ္ေပၚမွာဗံုးႀကဲတုိက္ခိုက္သူကို စီနင္းတုိက္ခုိက္

0
2078

ဗင္နီဇြဲလား လက္နက္ကိုင္သူပုန္ေခါင္းေဆာင္လုိ႔ စြပ္စြဲခံထားရတဲ့  ရဟတ္ယာဥ္ေမာင္းသူကို ဖမ္းဆီးႏိုင္ဖုိ႔  ဇန္နဝါရီ ၁၅ ရက္ေန႔က စီးနင္းတုိက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႔၀င္ႏွစ္ဦးနဲ႔ အၾကမ္းဖက္သမား  အမ်ားျပားေသဆံုး သြားခဲ့တယ္လို႔  ဗင္နီဇြဲလား အာဏာပိုင္ေတြကေျပာပါတယ္။  

ဗင္နီဇြဲလား တပ္ဖြဲ႔ေတြဟာ ရဟတ္ယာဥ္ေမာင္းသမား ေအာ္စကာပီရက္ဇ္ နဲ႔ ဆက္သြယ္မႈရွိတဲ့ ဆဲလ္ ကလပ္စည္း ေတြကို ပစ္မွတ္ထားခဲ့သလို   ၿမိဳ႕ေတာ္ ကာရာကတ္အနီး  က El Junquito ၿမိဳ႕ရွိအိမ္ကို ၀န္းရံ ပိတ္ဆို႔ထားၿပီးေနာက္ စီးနင္းတုိက္ခုိက္ခဲ့တာျဖစ္ပါတယ္။   

ဗင္နီဇြဲလား အာဏာပိုင္ေတြက  အၾကမ္းဖက္အုပ္စုနဲ႔ ဆက္ႏြယ္သူလို႔ စြပ္စြဲခံရသူ ၅ ဦးကို ဖမ္းဆီး ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ ရဟတ္ယာဥ္ေမာင္းသမား ပီရက္ဇ္ နဲ႔ ပတ္သက္လို႔  ေသသလား ရွင္သလား ဆုိတာကို ရွင္းရွင္းလင္း လင္းမသိရေသးပါဘူး။

ဗင္နီဇြဲလားႏိုင္ငံမွာ ၿပီးခဲတဲ့ႏွစ္က အစိုးရဆန္႔က်င္ေရး ဆႏၵျပမႈေတြျဖစ္ေနခ်ိန္အတြင္း   ပီရက္ဇ္ ဟာ ဇြန္၂၇ ရက္ေန႔က  ရဟတ္ယာဥ္ကို ခုိးယူေမာင္းႏွင္ၿပီး အစိုးရအေဆာက္ဦး  ဗင္နီဇြဲလား တရားရံုးခ်ဳပ္ကို လက္ပစ္ဗံုးေတြ ႀကဲခ်တုိက္ခုိက္ခဲ့သူျဖစ္ပါတယ္။   

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗင်နီဇွဲလား အစိုးရရုံးတွေကို ရဟတ်ပေါ်မှာဗုံးကြဲတိုက်ခိုက်သူကို စီနင်းတိုက်ခိုက်

ဗင်နီဇွဲလား လက်နက်ကိုင်သူပုန်ခေါင်းဆောင်လို့ စွပ်စွဲခံထားရတဲ့ ရဟတ်ယာဉ်မောင်းသူကို ဖမ်းဆီးနိုင်ဖို့ ဇန်နဝါရီ ၁၅ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အကြမ်းဖက်သမား အများပြားသေဆုံး သွားခဲ့တယ်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေကပြောပါတယ်။

ဗင်နီဇွဲလား တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ်မောင်းသမား အော်စကာပီရက်ဇ် နဲ့ ဆက်သွယ်မှုရှိတဲ့ ဆဲလ် ကလပ်စည်း တွေကို ပစ်မှတ်ထားခဲ့သလို မြို့တော် ကာရာကတ်အနီး က El Junquito မြို့ရှိအိမ်ကို ဝန်းရံ ပိတ်ဆို့ထားပြီးနောက် စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗင်နီဇွဲလား အာဏာပိုင်တွေက အကြမ်းဖက်အုပ်စုနဲ့ ဆက်နွယ်သူလို့ စွပ်စွဲခံရသူ ၅ ဦးကို ဖမ်းဆီး နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်မောင်းသမား ပီရက်ဇ် နဲ့ ပတ်သက်လို့ သေသလား ရှင်သလား ဆိုတာကို ရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။

ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲတဲ့နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဖြစ်နေချိန်အတွင်း ပီရက်ဇ် ဟာ ဇွန်၂၇ ရက်နေ့က ရဟတ်ယာဉ်ကို ခိုးယူမောင်းနှင်ပြီး အစိုးရအဆောက်ဦး ဗင်နီဇွဲလား တရားရုံးချုပ်ကို လက်ပစ်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)