
0
2093





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်စစ်မှူးစီရော်နယ်ဒို မန်ယူကို ပြန်ပြောင်းဖွယ်ရှိနေလို့ အေအက်စ် သတင်းစာဖော်ပြ

ရီးရဲမက်ဒရစ် တိုက်စစ်မှူးစီရော်နယ်ဒို ဟာ အသင်းကနေထွက်ခွာပြီး မန်ယူကို ပြန်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေထပ်မံထွက်ပေါ်နေပါတယ်။

ရီးရဲမက်ဒရစ်အသင်းက စီရော်နယ်ဒိုကို ပိုမိုကောင်းမွန်တဲ့ စာချုပ်ကမ်းလှမ်းမှုမရှိသေးဘဲ အဲဒီအချက်ကို စီရော်နယ်ဒိုကို စိတ်ပျက်နေပြီး မန်ယူကို ပြန်ပြောင်းလိုနေတာလို့ စပိန်အေအက်စ်က ဖော်ပြခဲ့ပါတယ်။

အေအက်စ် သတင်းစာရဲ့ဖော်ပြချက်မှာ စီရော်နယ်ဒို က ရာသီကုန်ချိန်မှာ ရီးရဲမက်ဒရစ်ကနေ ထွက်ခွာဖို့ ရည်ရွယ်ထားပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်ပြောင်းရွေ့ဖွယ်ရှိနေတဲ့အကြောင်းကို အသင်းဖော်တွေကိုပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မန်ယူအသင်းကတော့ စီရော်နယ်ဒို ပြန်လည်ပြောင်းရွေ့မယ်ဆိုတဲ့သတင်းတွေကို သံသယရှိနေဆဲဖြစ်ပြီး စီရော်နယ်ဒို ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း မန်ယူကိုပြောင်းမယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)