
0
2088






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးငယ်တွေကို သံကြိုးချည်သော့ခတ်ထားတဲ့ မိဘတွေကို ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းနေထိုင်တဲ့ စုံတွဲတစ်တွဲကို ကလေးငယ်တွေကို ချုပ်နှောင်ထားမှုနဲ့ ပတ်သတ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး လိုက်ပါတယ်။

ကလေးငယ် ၇ ယောက်ကို ညစ်ပတ်တဲ့အခန်းထဲက အိပ်ယာထဲမှာ ချုပ်နှောင်ထားခဲ့ပြီး အဲဒီအထဲက ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးက လွတ်မြောက်လာကာ သူ့ရဲ့ မွေးစားမောင်နှမတွေကို ကယ်ဆယ် ပေးဖို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

David Allen Turpin အသက် ၅၇ နှစ်အရွယ် အမျိုးသားနဲ့ Louise Anna Turpin ၄၉ နှစ်အရွယ် အမျိုးသမီးတို့ကို မနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နေအိမ်မှာပဲ ဖမ်းဆီးလိုက်ကြတာဖြစ်ပါတယ်။

အသက် ၂ ကနေ ၂၉ နှစ်အရွယ်ကြားရှိတဲ့ ကလေးငယ်နဲ့ လူငယ်တွေကို ညစ်ပတ်နံစော်နေတဲ့ အခန်းထဲမှာ သံကြိုးတွေချည်နှောင်ပြီး သော့ခတ်ထားတာကိုတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

အဲဒီအထဲက ၇ ဦးကတော့ အရွယ်ရောက်နေပြီ ဖြစ်တဲ့လူကြီးတွေဖြစ်နေတာကိုလည်း တအံတသြ ရဲတွေတွေ့ရှိခဲ့ကြပါတယ်။
ကလေးငယ်တွေဟာ မိဘတွေရဲ့ညှင်းပန်းနှိပ်စက်မှုကို ခံနေရတယ်လို့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်က ပြောကြာခဲ့တာဖြစ်ပြီး မစ္စတာ Turpin ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ပုဂ္ဂလိက ကျောင်းကိုလည်း ဖွင့်လှစ်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)