ေရႊ႕ေျပာင္းေနထိုင္သူ ၄၀၀ ကို လစ္ဗ်ားကမ္းေျခေစာင့္တပ္ ကယ္ဆယ္

0
2024

လစ္ဗ်ားႏို္င္ငံ ကမ္း႐ိုတမ္း  ေျမထဲပင္လယ္ထဲကေန မေန႔ ဇန္န၀ါရီလ ၁၅ ရက္ေန႔က ေရႊ႕ေျပာင္း  ေနထိုင္သူ ၄၀၀ တင္ေဆာင္လာတဲ့သေဘၤာ ၂ စင္းကို လစ္ဗ်ားကမ္းေျခေစာင့္တပ္ဖြဲ႔က ကယ္တင္ လုိက္ပါတယ္။

အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြအပါအ၀င္  ဒုကၡသည္ ၄၀၀ ကို ကယ္ဆယ္ခဲ့ၾကတာျဖစ္ပါတယ္။ ေရႊ႔ေျပာင္း ေနထုိင္သူေတြဟာ  အာဖရိက ကေန ဥေရာပကို သြားဖို႔အတြက္ ႀကိဳးစားေနၾကတာျဖစ္ပါ တယ္။ ျပီးခဲ့တဲ့ ေလး ႏွစ္အတြင္း ေျမထဲပင္လယ္ကိုျဖတ္သန္းသြားလာတဲ့ ေရႊ႕ေျပာင္း  ေနထုိင္သူ ၆ သိန္းနီးပါးရွိ တယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

အာဖရိက ေျမာက္ပိုင္းကေန အီတလီကုိ ေရာက္ဖုိ႔ႀကိဳးစားရင္း ေသဆံုးခဲ့တဲ့တဲ့ ေရႊ႕ေျပာင္း ေနထိုင္သူေတြဟာ ၂၀၁၆ ခုႏွစ္မွာ ၄၆၈၁ ေယာက္နဲ႔ ၂၀၁၇ ခုႏွစ္က ၂၈၃၂ ေယာက္ ရွိခဲ့တယ္လုိ႔  ေရႊ႕ေျပာင္း ေနထုိင္သူေတြ အတြက္ ႏိုင္ငံတကာအဖြဲ႔အစည္း (IOM) က ခန္႔မွန္းေျပာဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေ့ပြောင်းနေထိုင်သူ ၄၀ဝ ကို လစ်ဗျားကမ်းခြေစောင့်တပ် ကယ်ဆယ်

လစ်ဗျားနိ်ုင်ငံ ကမ်းရိုတမ်း မြေထဲပင်လယ်ထဲကနေ မနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ရွှေ့ပြောင်း နေထိုင်သူ ၄၀ဝ တင်ဆောင်လာတဲ့သင်္ဘော ၂ စင်းကို လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင် လိုက်ပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ဒုက္ခသည် ၄၀ဝ ကို ကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်။ ရွှေ့ပြောင်း နေထိုင်သူတွေဟာ အာဖရိက ကနေ ဥရောပကို သွားဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ လေး နှစ်အတွင်း မြေထဲပင်လယ်ကိုဖြတ်သန်းသွားလာတဲ့ ရွှေ့ပြောင်း နေထိုင်သူ ၆ သိန်းနီးပါးရှိ တယ်လို့ ခန့်မှန်းထားကြပါတယ်။

အာဖရိက မြောက်ပိုင်းကနေ အီတလီကို ရောက်ဖို့ကြိုးစားရင်း သေဆုံးခဲ့တဲ့တဲ့ ရွှေ့ပြောင်း နေထိုင်သူတွေဟာ ၂၀၁၆ ခုနှစ်မှာ ၄၆၈၁ ယောက်နဲ့ ၂၀၁၇ ခုနှစ်က ၂၈၃၂ ယောက် ရှိခဲ့တယ်လို့ ရွှေ့ပြောင်း နေထိုင်သူတွေ အတွက် နိုင်ငံတကာအဖွဲ့အစည်း (IOM) က ခန့်မှန်းပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)