မီးေလာင္နစ္ျမဳပ္သြားတဲ့ အီရန္ ေရနံသေဘၤာပါသူအားလံုး ေသဆံုး

0
2117

ဇန္န၀ါရီလ ၆ ရက္က အေရွ႕တ႐ုတ္ပင္လယ္ျပင္အတြင္း ကုန္တင္သေဘၤာတစ္စင္း နဲ႔ တုိက္မိၿပီး သီတင္းပတ္တစ္ခုေက်ာ္ၾကာ မီးစြဲေလာင္ေနခဲ့တဲ့ အီရန္ ေရနံတင္သေဘၤာေပၚသူ အားလံုး ေသဆံုးသြားတယ္လို႔ အီရန္ဘက္ကေျပာပါတယ္။

သေဘၤာဟာ  မီးစြဲေလာင္ၿပီးေနာက္  ဇန္န၀ါရီလ  ၁၄ ရက္ေန႔မွာ နစ္ျမဳပ္သြားခဲ့တာပါ။  အဲဒီသေဘၤာ ဟာ  ေရနံစိမ္းတန္ခ်ိန္ေပါင္း ၁၃၆,၀၀၀ တင္ေဆာင္  ေမာင္းႏွင္လာခဲ့တာျဖစ္ၿပီး  ေဟာင္ေကာင္မွာ မွတ္ပံုတင္ထားတဲ့ ကုန္သေဘၤာနဲ႔တုိက္မိခဲ့တာျဖစ္ပါတယ္။ အဲဒီ အီရန္ေရနံတင္သေဘၤာေပၚမွာ အီရန္ႏုိင္ငံသား ၃၀ ဦး နဲ႔  ဘဂၤလားေဒရွ္႕ႏုိင္ငံသား ၂ ဦးပါ၀င္ခဲ့ပါတယ္။

အီရန္ ကယ္ဆယ္ေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ မုိဟာမက္ ရက္စတက္ဒ္က က သေဘၤာမွာ ေလာင္ေနခဲ့တဲ့မီးကို ၿငိမ္းသတ္ဖို႔နဲ႔ အသက္ရွင္က်န္ရစ္သူေတြကို ကယ္ဆယ္ႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ေပါက္ကြဲမႈေတြက ဆက္တုိက္ျဖစ္ေနခဲ့ၿပီး ဓာတ္ေငြ႕ယိုစိမ့္မႈေတြေၾကာင့္လည္း ကယ္တင္ဖုိ႔အ ခက္ခဲျဖစ္ခဲ့ရတယ္လို႔  ေျပာပါတယ္။   

လက္ရွိအခ်ိန္အထိ ႐ုပ္အေလာင္းသံုးေလာင္းသာ ျပန္ရွာေတြ႔ထားတယ္လို႔  မီဒီယာေတြကေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မီးလောင်နစ်မြုပ်သွားတဲ့ အီရန် ရေနံသင်္ဘောပါသူအားလုံး သေဆုံး

ဇန်နဝါရီလ ၆ ရက်က အရှေ့တရုတ်ပင်လယ်ပြင်အတွင်း ကုန်တင်သင်္ဘောတစ်စင်း နဲ့ တိုက်မိပြီး သီတင်းပတ်တစ်ခုကျော်ကြာ မီးစွဲလောင်နေခဲ့တဲ့ အီရန် ရေနံတင်သင်္ဘောပေါ်သူ အားလုံး သေဆုံးသွားတယ်လို့ အီရန်ဘက်ကပြောပါတယ်။

သင်္ဘောဟာ မီးစွဲလောင်ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နစ်မြုပ်သွားခဲ့တာပါ။ အဲဒီသင်္ဘော ဟာ ရေနံစိမ်းတန်ချိန်ပေါင်း ၁၃၆,ဝ၀ဝ တင်ဆောင် မောင်းနှင်လာခဲ့တာဖြစ်ပြီး ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ကုန်သင်္ဘောနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။ အဲဒီ အီရန်ရေနံတင်သင်္ဘောပေါ်မှာ အီရန်နိုင်ငံသား ၃၀ ဦး နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂ ဦးပါဝင်ခဲ့ပါတယ်။

အီရန် ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မိုဟာမက် ရက်စတက်ဒ်က က သင်္ဘောမှာ လောင်နေခဲ့တဲ့မီးကို ငြိမ်းသတ်ဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပေါက်ကွဲမှုတွေက ဆက်တိုက်ဖြစ်နေခဲ့ပြီး ဓာတ်ငွေ့ယိုစိမ့်မှုတွေကြောင့်လည်း ကယ်တင်ဖို့အ ခက်ခဲဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ရုပ်အလောင်းသုံးလောင်းသာ ပြန်ရှာတွေ့ထားတယ်လို့ မီဒီယာတွေကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)