အင္ဒိုနီးရွား စေတာ့အိတ္ခ်ိန္း အေဆာက္ဦး ၿပိဳက်

0
2085

အင္ဒိုနီးရွား စေတာ့အိတ္စ္ခ်ိန္း အေဆာက္အအံု ဒုတိယ အထပ္မွာ ဇန္န၀ါရီ ၁၅ ရက္က ၿပိဳက်မႈ ျဖစ္ပြားခဲ့လို႔ အနည္းဆံုး လူေပါင္း ၇၅ ဦးေလာက္ ထိခိုက္ဒဏ္ရာေတြ ရသြားခဲ့ပါတယ္။

စီစီတီဗြီ မွတ္တမ္းေတြအရ ေက်ာင္းသားေက်ာင္းသူ အေယာက္ ၄၀ ေလာက္ပါတဲ့ ေလ့လာေရးအဖြဲ႕တစ္ခု က အေဆာက္အဦး လသာေဆာင္ ကိုေရာက္ရွိေနခ်ိန္မွာ ၿပိဳက်ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အေဆာက္အဦးၿပိဳက်ခ်ိန္မွာ  ေအာက္မွာလည္း သြားလာေနၾကတဲ့ လူအမ်ားအျပား ရွိေနခဲ့ပါတယ္။

ထိခုိက္ဒဏ္ရာရသူေတြသာ ရွိၿပီး အခုခ်ိန္ထိေတာ့ ေသဆံုးသူ မရွိေၾကာင္း အင္ဒိုအမ်ဳိးသား ရဲတပ္ဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဆက္တ္ယို ၀ါစစ္တိုက ေျပာပါတယ္။ အေဆာက္အဦ ၿပိဳက်ခ်ိန္မွာ  က်ယ္ေလာင္တဲ့ အသံႀကီ ၾကားခဲ့တယ္လို႔ မ်က္ျမင္သက္ေသတစ္ဦးကေျပာပါတယ္။

အေဆာက္အဦးၿပိက်ခ်ိန္မွာ  စေတာ့အိတ္ခ်ိန္းကို ယာယီပိတ္ထားခဲ့ေပမယ့္  ေနာက္ပိုင္းမွာ စေတာ့အိပ္ခ်ိန္း ကို ျပန္ဖြင့္ခဲ့တယ္လို႔ ေဒသခံမီဒီယာေတြကေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား စတော့အိတ်ချိန်း အဆောက်ဦး ပြိုကျ

အင်ဒိုနီးရှား စတော့အိတ်စ်ချိန်း အဆောက်အအုံ ဒုတိယ အထပ်မှာ ဇန်နဝါရီ ၁၅ ရက်က ပြိုကျမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူပေါင်း ၇၅ ဦးလောက် ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။

စီစီတီဗွီ မှတ်တမ်းတွေအရ ကျောင်းသားကျောင်းသူ အယောက် ၄၀ လောက်ပါတဲ့ လေ့လာရေးအဖွဲ့တစ်ခု က အဆောက်အဦး လသာဆောင် ကိုရောက်ရှိနေချိန်မှာ ပြိုကျခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဆောက်အဦးပြိုကျချိန်မှာ အောက်မှာလည်း သွားလာနေကြတဲ့ လူအများအပြား ရှိနေခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေသာ ရှိပြီး အခုချိန်ထိတော့ သေဆုံးသူ မရှိကြောင်း အင်ဒိုအမျိုးသား ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆက်တ်ယို ဝါစစ်တိုက ပြောပါတယ်။ အဆောက်အဦ ပြိုကျချိန်မှာ ကျယ်လောင်တဲ့ အသံကြီ ကြားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

အဆောက်အဦးပြိကျချိန်မှာ စတော့အိတ်ချိန်းကို ယာယီပိတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ စတော့အိပ်ချိန်း ကို ပြန်ဖွင့်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)