ကိုလံဘီယာမွာ တံတားၿပိဳက် ၉ ဦးေသ

0
2132

ကိုလံဘီယာႏိုင္ငံအလယ္ပိုင္းမွာရွိတဲ့ တံတားတစ္စင္း မေန႔ဇန္န၀ါရီလ ၁၅ ရက္ေန႔မွာ ၿပိဳက်မႈျဖစ္ပြားခဲ့လုိ႔ ေသဆံုးသူ အနည္းဆံုး ၉ဦး ရွိခဲ့ျပီး ၅ ဦးထိခိုက္ဒဏ္ရာရရွိသြားခဲ့ပါတယ္။

ေသဆံုးသူေတြဟာ ေဆာက္လုုပ္ေရး သမားေတြျဖစ္ပါတယ္။ အဲဒီတံတားဟာ ေဆာက္လုပ္ေနဆဲ တံတား တစ္စင္းလည္းျဖစ္ၿပီး တစ္စိတ္တပိုင္းၿပီးစီးေနၿပီ ျဖစ္ေပမယ့္ အမ်ားျပည္သူေတြေတာ့ အသံုးမျပဳၾကေသးပါဘူး။

အဲဒီတံတားဟာ Cundinamarca Meta ျပည္နယ္ ၂ ခုၾကားရွိ Chirajara မွာတည္ရွိတာ ျဖစ္ၿပီး ၿမိဳ႕ေတာ္ Bogota ရဲ႕ အေ၀းေျပးလမ္းမနဲ႔ Villavicencio တို႔ ဆက္သြယ္သြားလာလို႔ရေအာင္ ေဆာက္ လုပ္ေနတာပါ။

တံတားတစ္ဖက္ျခမ္းလံုးကေတာ့ ၿပိဳက်ပ်က္စီးခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ အခုလုိျပိဳက်မႈအတြက္ သက္ဆုိင္ရာ တာ၀န္ရွိသူေတြက  စံုစမ္းစစ္ေဆးေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုလံဘီယာမှာ တံတားပြိုကျ ၉ ဦးသေ

ကိုလံဘီယာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ တံတားတစ်စင်း မနေ့ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြိုကျမှုဖြစ်ပွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၉ဦး ရှိခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

သေဆုံးသူတွေဟာ ဆောက်လုပ်ရေး သမားတွေဖြစ်ပါတယ်။ အဲဒီတံတားဟာ ဆောက်လုပ်နေဆဲ တံတား တစ်စင်းလည်းဖြစ်ပြီး တစ်စိတ်တပိုင်းပြီးစီးနေပြီ ဖြစ်ပေမယ့် အများပြည်သူတွေတော့ အသုံးမပြုကြသေးပါဘူး။

အဲဒီတံတားဟာ Cundinamarca Meta ပြည်နယ် ၂ ခုကြားရှိ Chirajara မှာတည်ရှိတာ ဖြစ်ပြီး မြို့တော် Bogota ရဲ့ အဝေးပြေးလမ်းမနဲ့ Villavicencio တို့ ဆက်သွယ်သွားလာလို့ရအောင် ဆောက် လုပ်နေတာပါ။

တံတားတစ်ဖက်ခြမ်းလုံးကတော့ ပြိုကျပျက်စီးခဲ့ပြီး လက်ရှိအချိန်မှာတော့ အခုလိုပြိုကျမှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)