Selfie ဓာတ်ပုံရိုက်ရင်း ထိုင်းရေတံခွန်ပေါ်ကနေ ပြင်သစ် ခရီးသွား ပြုတ်ကျသေဆုံး

0
113

ထိုင်းနိုင်ငံက ရေတံခွန်တစ်ခုမှာ ပြင်သစ် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဟာ Selfie ဓာတ်ပုံရိုက်ဖို့ ကြိုးစားရင်း ပြုတ်ကျသေဆုံးသွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက နာမည်ကျော် ခေါက်ဆမ်မွေကျွန်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စပိန် ခရီးသွားတစ်ဦး ပြုတ်ကျသေဆုံးဖူးတဲ့ နာ မူအန် အမှတ် (၂) ရေတံခွန်မှာပဲ အသက် ၃၃ နှစ်အရွယ် ပြင်သစ်ခရီးသွား ပြုတ်ကျသေဆုံးခဲ့တာလို့ ဒုတိယ ရဲဗိုလ် ဖူဗာဒိုလ် ဗီရီယာဗာရန်ကူးလ်က ပြောပါတယ်။



ထိုင်းနိုင်ငံက ရေတံခွန်တစ်ခုမှာ ပြင်သစ် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဟာ Selfie ဓာတ်ပုံရိုက်ဖို့ ကြိုးစားရင်း ပြုတ်ကျသေဆုံးသွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက နာမည်ကျော် ခေါက်ဆမ်မွေကျွန်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စပိန် ခရီးသွားတစ်ဦး ပြုတ်ကျသေဆုံးဖူးတဲ့ နာ မူအန် အမှတ် (၂) ရေတံခွန်မှာပဲ အသက် ၃၃ နှစ်အရွယ် ပြင်သစ်ခရီးသွား ပြုတ်ကျသေဆုံးခဲ့တာလို့ ဒုတိယ ရဲဗိုလ် ဖူဗာဒိုလ် ဗီရီယာဗာရန်ကူးလ်က ပြောပါတယ်။

ရေတံခွန်ဟာ ရေညှိတွေနဲ့ ချော်နေတဲ့အတွက် အလောင်းကို သယ်ယူဖို့ နာရီများစွာ ကြိုးစားခဲ့ရကြောင်း၊ အဲဒီနေရာဟာ အန္တရာယ်ရှိတယ်လို့ သတိပေးဆိုင်းဘုတ် ရှိကြောင်းလည်း သူက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံတယ်လို့ သတ်မှတ်ကြပြီး တစ်နှစ်ကို ခရီးသည် ၃၅ သန်းလောက် လာရောက်လေ့ ရှိပါတယ်။