လန်ဒန်မှာ ဟောင်ကောင် တရားရေး အတွင်းဝန် တိုက်ခိုက်ခံရမှု တရုတ် ရှုတ်ချ

0
47

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ ဟောင်ကောင် တရားရေးအတွင်းဝန်ကို ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့မှုကို တရုတ်နဲ့ ဟောင်ကောင် အာဏာပိုင်တွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဟောင်ကောင်ဟာ အငြင်းပွားမှု ဖြေရှင်းရေးနဲ့ ညှိနှိုင်းရေး အချက်အခြာဖြစ်ကြောင်း ပုံရိပ်မြှင့်တင်ဖို့ ရောက်လာတဲ့ ဟောင်ကောင် တရားရေး အတွင်းဝန် တယ်ရီဆာ ချန်းကို တရုတ်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ခွင့်ရရေး တက်ကြွလှုပ်ရှားတဲ့ ဆန္ဒပြသူတွေက လူသတ်သမား၊ အရှက်မရှိသူဆိုပြီး အော်ဟစ် ဆန္ဒပြ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။



ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ ဟောင်ကောင် တရားရေးအတွင်းဝန်ကို ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့မှုကို တရုတ်နဲ့ ဟောင်ကောင် အာဏာပိုင်တွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဟောင်ကောင်ဟာ အငြင်းပွားမှု ဖြေရှင်းရေးနဲ့ ညှိနှိုင်းရေး အချက်အခြာဖြစ်ကြောင်း ပုံရိပ်မြှင့်တင်ဖို့ ရောက်လာတဲ့ ဟောင်ကောင် တရားရေး အတွင်းဝန် တယ်ရီဆာ ချန်းကို တရုတ်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ခွင့်ရရေး တက်ကြွလှုပ်ရှားတဲ့ ဆန္ဒပြသူတွေက လူသတ်သမား၊ အရှက်မရှိသူဆိုပြီး အော်ဟစ် ဆန္ဒပြ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ချန်းဟာ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပေမယ့် အသေးစိတ်တော့ ဖော်ပြခြင်း မရှိပါဘူး။ ဗီဒီယိုမှတ်တမ်းတစ်ခုထဲမှာတော့ ချန်းဟာ မြေပြင်ပေါ် လဲကျသွားတာ တွေ့ရပါတယ်။