ကယ်လီဖိုးနီးယား အထက်တန်းကျောင်းမှာ ကျောင်းသားက သေနတ်နဲ့ပစ်၊ နှစ်ဦး သေ

0
58

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တောင်ပိုင်းရှိ ဆောဂပ်စ် အထက်ကျောင်းမှာ နိုဝင်ဘာလ ၁၄ ရက် မနက်ပိုင်းက အတန်းဖော်တွေကို ကျောင်းသားတစ်ယောက်က သေနတ်နဲ့ထုတ်ပစ်လို့ နှစ်ဦးသေဆုံးပြီး တခြား သုံးဦး ဒဏ်ရာရရှိသွားပါတယ်။

ပစ်ခတ်တဲ့နေ့ဟာ ဆယ်ကျော်သက်အရွယ် သေနတ်သမားရဲ့ အသက် ၁၆ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး သူ့ကိုယ်သူ သတ်သေဖို့ ကျည်တစ်တောင့် သေနတ်ထဲမှာ ချန်ထားခဲ့ပါတယ်။ သူ့ခေါင်းကို သေနတ်နဲ့ ပစ်ခဲ့ပေမယ့် မသေဘဲ စိုးရိမ်ရတဲ့ဒဏ်ရာ အပြင်းအထန်ရသွားပြီး ဆေးရုံတင်ထားရတယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသွားသူတွေက အသက် ၁၆ နှစ်အရွယ် ကျောင်းသူနဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတို့ ဖြစ်ပါတယ်။

ဖမ်းယူရရှိထားတဲ့ ဗီဒီယို မှတ်တမ်းအရ ဆယ်ကျော်သက် သေနတ်သမားဟာ တစ်နေရာတည်းမှာ ရပ်နေပြီး တစ်ယောက်ပြီးတစ်ယောက်ကို ပစ်ခတ်သွားတာ ၁၆ စက္ကန့်ကြာကြောင်း၊ သူရပ်နေတဲ့ ညာဘက်ကနေ စပစ်သွားတာဖြစ်ပြီး ဘယ်သူ့နောက်ကိုမှ ပြေးလိုက်ပြီး ပစ်တာမျိုး မဟုတ်ဘဲ သူ့ခေါင်းကို သူပစ်ပြီး သတ်သေတဲ့အထိ တစ်နေရာတည်းမှာ ရပ်နေတာဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် စီရင်စု ရဲတပ်ဖွဲ့က ရဲဗိုလ်ကြီး ကန့် ဝက်ဂနာက ပြောပါတယ်။

သနတေပြဈမှု မဖှဈခငြ တဈရကကြ သနတေသြမားဟာ အငစြတာဂရမမြှာ “မနကဖြှနြ ကွောငြးမှာ ဆောဂပဈြဟာ ပွောစြရာတှေ ဖှဈတော့မယြ” လို့ ရေးသားခဲ့ပါတယြ။ ၂၀၁၈ ခုနှဈ၊ ဖဖေောဝြါရီလ ၁၄ ရကတြုနြးကလညြး ကွောငြးသားဟောငြးတဈဦးက မဂွောရြတီ စတုနြးမနြး ဒေါကဂြလပြ အထကတြနြးကွောငြးမှာ သနတေပြဈခတမြှု ဖှဈခဲ့ဖူးပှီး လူ ၁၇ ဦး သဆေုံးခဲ့ပါတယြ။

ကယျလီဖိုးနီးယား အထကျတနျးကြောငျးမှာ ကြောငျးသားက သနေတျနဲ့ပဈ၊ နှဈဦး သေ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တောင်ပိုင်းရှိ ဆောဂပ်စ် အထက်ကျောင်းမှာ နိုဝင်ဘာလ ၁၄ ရက် မနက်ပိုင်းက အတန်းဖော်တွေကို ကျောင်းသားတစ်ယောက်က သေနတ်နဲ့ထုတ်ပစ်လို့ နှစ်ဦးသေဆုံးပြီး တခြား သုံးဦး ဒဏ်ရာရရှိသွားပါတယ်။

ပစ်ခတ်တဲ့နေ့ဟာ ဆယ်ကျော်သက်အရွယ် သေနတ်သမားရဲ့ အသက် ၁၆ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး သူ့ကိုယ်သူ သတ်သေဖို့ ကျည်တစ်တောင့် သေနတ်ထဲမှာ ချန်ထားခဲ့ပါတယ်။ သူ့ခေါင်းကို သေနတ်နဲ့ ပစ်ခဲ့ပေမယ့် မသေဘဲ စိုးရိမ်ရတဲ့ဒဏ်ရာ အပြင်းအထန်ရသွားပြီး ဆေးရုံတင်ထားရတယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသွားသူတွေက အသက် ၁၆ နှစ်အရွယ် ကျောင်းသူနဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတို့ ဖြစ်ပါတယ်။

ဖမ်းယူရရှိထားတဲ့ ဗီဒီယို မှတ်တမ်းအရ ဆယ်ကျော်သက် သေနတ်သမားဟာ တစ်နေရာတည်းမှာ ရပ်နေပြီး တစ်ယောက်ပြီးတစ်ယောက်ကို ပစ်ခတ်သွားတာ ၁၆ စက္ကန့်ကြာကြောင်း၊ သူရပ်နေတဲ့ ညာဘက်ကနေ စပစ်သွားတာဖြစ်ပြီး ဘယ်သူ့နောက်ကိုမှ ပြေးလိုက်ပြီး ပစ်တာမျိုး မဟုတ်ဘဲ သူ့ခေါင်းကို သူပစ်ပြီး သတ်သေတဲ့အထိ တစ်နေရာတည်းမှာ ရပ်နေတာဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် စီရင်စု ရဲတပ်ဖွဲ့က ရဲဗိုလ်ကြီး ကန့် ဝက်ဂနာက ပြောပါတယ်။

သေနတ်ပစ်မှု မဖြစ်ခင် တစ်ရက်က သေနတ်သမားဟာ အင်စတာဂရမ်မှာ “မနက်ဖြန် ကျောင်းမှာ ဆောဂပ်စ်ဟာ ပျော်စရာတွေ ဖြစ်တော့မယ်” လို့ ရေးသားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တုန်းကလည်း ကျောင်းသားဟောင်းတစ်ဦးက မဂျော်ရတီ စတုန်းမန်း ဒေါက်ဂလပ် အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ဖူးပြီး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)