သမၼတ ထရမ့္က ကင္ဂ်ံဳအြန္နဲ႔ ၂၀၁၉ ခုႏွစ္ထဲမွာ ေတြ႔မယ္

0
464

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအြန္နဲ႔ လာမယ့္ ၂၀၁၉ ခုႏွစ္ထဲမွာ ေတြ႔ဆံုဖို႔ရွိၿပီး ႏ်ဴကလီးယား လက္နက္ အစီအစဥ္ေတြ အဆံုးသတ္ေရး ကတိကဝတ္ေတြကို ထိခိုက္ေစမယ့္ အရင္က အမွားမ်ိဳး ထပ္လုပ္မွာ မဟုတ္ဘူးလို႔ အေမရိကန္ ဒုတိယ သမၼတ မိုက္ခ္ ပန္႔စ္က ေျပာပါတယ္။

စင္ကာပူႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဇြန္လအတြင္းက ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ ဒုတိယအႀကိမ္ သမၼတ ထရမ့္နဲ႔ ကင္ဂ်ံဳအြန္တို႔ ေတြ႔ဆံုေဆြးေႏြးေရး ႏွစ္ႏိုင္ငံတာဝန္ရွိသူေတြက ေဆြးေႏြးေနၾကပါတယ္။

ေတြ႔ဆံုဖို႔ အစီအစဥ္ေတြ ဆက္ေဆြးေႏြးေနေၾကာင္း၊ လာမယ့္ႏွစ္ ပထမလအတြင္း ျဖစ္ႏိုင္ေၾကာင္း ဒု သမၼတ ပန္႔စ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့်က ကင်ဂျုံအွန်နဲ့ ၂၀၁၉ ခုနှစ်ထဲမှာ တွေ့မယ်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာ တွေ့ဆုံဖို့ရှိပြီး နျူကလီးယား လက်နက် အစီအစဉ်တွေ အဆုံးသတ်ရေး ကတိကဝတ်တွေကို ထိခိုက်စေမယ့် အရင်က အမှားမျိုး ထပ်လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ် ပန့်စ်က ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် ဒုတိယအကြိမ် သမ္မတ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံဆွေးနွေးရေး နှစ်နိုင်ငံတာဝန်ရှိသူတွေက ဆွေးနွေးနေကြပါတယ်။

တွေ့ဆုံဖို့ အစီအစဉ်တွေ ဆက်ဆွေးနွေးနေကြောင်း၊ လာမယ့်နှစ် ပထမလအတွင်း ဖြစ်နိုင်ကြောင်း ဒု သမ္မတ ပန့်စ်က သတင်းထောက်တွေကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)