အိႏၵိယမွာ ေမ်ာက္ကိုက္လို႔ ရက္သားအရြယ္ ကေလးငယ္ေသဆံုး

0
835

ေမ်ာက္တစ္ေကာင္က အသက္ ၁၂ ရက္သားသာ ရွိေသးတဲ့ အိႏၵိယကေလးငယ္ကို မိခင္ျဖစ္သူထံကေန ဆြဲယူေျပးကာ သတ္ျဖတ္ခဲ့ေၾကာင္း အိႏၵိယရဲေတြက ေျပာပါတယ္။

အိႏၵိယႏုိင္ငံ၊ ဆီကန္ဒရာရဲစခန္းက တာဝန္ရွိသူ အာေဂ်း ကာအူရွယ္က ေမ်ာက္အုပ္စုဟာ ကေလး ရက္သားေလးကို ႏို႔တိုက္ေနတဲ့ မိခင္ရွိရာ အိမ္ထဲကို အတင္းဝင္လာခဲ့ၿပီးေနာက္ ေမ်ာက္အုပ္စုထဲက ေမ်ာက္တစ္ေကာင္က ကေလးငယ္ကို ဆြဲယူကာ အေဝးကို ထြက္ေျပးသြားခဲ့ေၾကာင္း၊ ေမ်ာက္ဟာ ကေလးငယ္ရဲ႕ ဦးေခါင္းကို ကိုက္ခဲ့ေၾကာင္း၊ အနီးပတ္ဝန္းက်င္ရွိ လူေတြက ခဲလံုးနဲ႔ ပစ္ေပါက္ခ်ိန္မွာ ထြက္ေျပးသြားေၾကာင္း ေျပာပါတယ္။

ေမ်ာက္ကိုက္ခံရတဲ့ ကေလးငယ္ကို ေဆး႐ံုပို႔ၿပီး မၾကာခင္မွာပဲ ေသဆံုးသြားခဲ့တယ္လု႔ိ ကာအူရွယ္က ေျပာပါတယ္။ အဲဒီ အျဖစ္အပ်က္ဟာ အိႏၵိယႏုိင္ငံ၊ ရမ္ကာတာၿမိဳ႕ရွိ အက္ဂရာရြာမွာျဖစ္ခဲ့ၿပီး ေမ်ာက္ေတြရဲ႕ က်ဴးေက်ာ္ ရန္စမႈေတြ ပိုမုိမ်ားလာေနေၾကာင္း သဘာဝ ပတ္၀န္းက်င္အေရး လႈပ္ရွားသူ ကူးမား ဆင္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယမှာ မျောက်ကိုက်လို့ ရက်သားအရွယ် ကလေးငယ်သေဆုံး

မျောက်တစ်ကောင်က အသက် ၁၂ ရက်သားသာ ရှိသေးတဲ့ အိန္ဒိယကလေးငယ်ကို မိခင်ဖြစ်သူထံကနေ ဆွဲယူပြေးကာ သတ်ဖြတ်ခဲ့ကြောင်း အိန္ဒိယရဲတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ ဆီကန်ဒရာရဲစခန်းက တာဝန်ရှိသူ အာဂျေး ကာအူရှယ်က မျောက်အုပ်စုဟာ ကလေး ရက်သားလေးကို နို့တိုက်နေတဲ့ မိခင်ရှိရာ အိမ်ထဲကို အတင်းဝင်လာခဲ့ပြီးနောက် မျောက်အုပ်စုထဲက မျောက်တစ်ကောင်က ကလေးငယ်ကို ဆွဲယူကာ အဝေးကို ထွက်ပြေးသွားခဲ့ကြောင်း၊ မျောက်ဟာ ကလေးငယ်ရဲ့ ဦးခေါင်းကို ကိုက်ခဲ့ကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ လူတွေက ခဲလုံးနဲ့ ပစ်ပေါက်ချိန်မှာ ထွက်ပြေးသွားကြောင်း ပြောပါတယ်။

မျောက်ကိုက်ခံရတဲ့ ကလေးငယ်ကို ဆေးရုံပို့ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ကာအူရှယ်က ပြောပါတယ်။ အဲဒီ အဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ ရမ်ကာတာမြို့ရှိ အက်ဂရာရွာမှာဖြစ်ခဲ့ပြီး မျောက်တွေရဲ့ ကျူးကျော် ရန်စမှုတွေ ပိုမိုများလာနေကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ကူးမား ဆင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)