
1
922




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွေနဲ့ ဂျပန် ငါးဖမ်းသင်္ဘော မျက်နှာချင်းဆိုင်တိုက်မိ၊ ၁၃ ဦး ကယ်တင်

တောင်ကိုရီးယား ငါးဖမ်းသင်္ဘော နှစ်စီးနဲ့ ဂျပန်ငါးဖမ်းသင်္ဘောတို့ ဂျပန်ပင်လယ်ပြင်မှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ၁၃ ဦးကို ကယ်တင်ခဲ့ရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တိုက်မိခဲ့တာ ဖြစ်ပြီး ငါးဖမ်းသင်္ဘောတွေ တိုက်မိခဲ့ပြီးနောက် အလေးချိန် ၄၈ တန်ရှိ တောင်ကိုရီးယား သင်္ဘောတစ်စီး နစ်မြှပ်ခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သင်္ဘောသား ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်နိုင်ဖို့ ရှာဖွေမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

ဂျပန်ပင်လယ်ပြင်မှာ တောင်ကိုရီးယားသင်္ဘော နှစ်စီးနဲ့ ဂျပန်သင်္ဘောတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တယ်ဆိုတဲ့ သတင်းကို အတည်ပြုခဲ့ပြီး ဂျပန်ငါးဖမ်းသင်္ဘော ထိခိုက်ပျက်စီးခဲ့တာ မရှိဘူးလို့ ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.