အီရတ္က စားနပ္ရိကၡာကို အီရန္က စြမ္းအင္နဲ႔ လဲလွယ္မယ္

0
504

အီရတ္ႏိုင္ငံဘက္က စားနပ္ရိကၡာနဲ႔ အီရန္ႏိုင္ငံဘက္က သဘာဝဓာတ္ေငြ႔နဲ႔ စြမ္းအင္ေတြ အလဲအလွယ္လုပ္ၾကဖို႔ သေဘာတူလိုက္ေၾကာင္း အစိုးရ ႏွစ္ရပ္စလံုးက ေျပာပါတယ္။

လွ်ပ္စစ္ဓာတ္အား ေပးႏိုင္ဖို႔ အီရန္ သဘာဝဓာတ္ေငြ႔ တင္သြင္းႏုိင္ေရး အေမရိကန္ရဲ႕ ခြင့္ျပဳခ်က္ကို အီရတ္ႏိုင္ငံက ေစာင့္ေနတဲ့အျပင္ စြမ္းအင္အတြက္ ဝယ္ယူႏိုင္မယ့္ တျခား ရင္းျမစ္ေတြကိုလည္း ရွာေဖြေနပါတယ္။ အီရန္က သဘာဝဓာတ္ေငြ႔ တင္သြင္းမႈကို ၄၅ ရက္အတြင္း ရပ္ဆိုင္းဖို႔ အေမရိကန္က ေျပာထားၿပီး အဲဒီကာလအတြင္း တင္သြင္းမယ့္ သဘာဝဓာတ္ေငြ႔ဟာ အီရတ္အတြက္ လံုေလာက္မႈ မရွိပါဘူး။

အီရန္အေပၚ အေမရိကန္က ပိတ္ဆို႔အေရးယူေတြ ခ်မွတ္ထားေပမယ့္ အီရတ္ကို သဘာဝဓာတ္ေငြ႔နဲ႔ စားနပ္ရိကၡာ ၄၅ ရက္ၾကာ တင္သြင္းခြင့္ ျပဳထားပါတယ္။ အီရတ္ဟာ စြမ္းအင္အတြက္ အီရန္ သဘာဝဓာတ္ေငြ႔ကို အထူး အားထားေနရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ်က စားနပ်ရိက္ခာကို အီရန်က စွမ်းအင်နဲ့ လဲလှယ်မယ်

အီရတ်နိုင်ငံဘက်က စားနပ်ရိက္ခာနဲ့ အီရန်နိုင်ငံဘက်က သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်တွေ အလဲအလှယ်လုပ်ကြဖို့ သဘောတူလိုက်ကြောင်း အစိုးရ နှစ်ရပ်စလုံးက ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ အီရန် သဘာဝဓာတ်ငွေ့ တင်သွင်းနိုင်ရေး အမေရိကန်ရဲ့ ခွင့်ပြုချက်ကို အီရတ်နိုင်ငံက စောင့်နေတဲ့အပြင် စွမ်းအင်အတွက် ဝယ်ယူနိုင်မယ့် တခြား ရင်းမြစ်တွေကိုလည်း ရှာဖွေနေပါတယ်။ အီရန်က သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို ၄၅ ရက်အတွင်း ရပ်ဆိုင်းဖို့ အမေရိကန်က ပြောထားပြီး အဲဒီကာလအတွင်း တင်သွင်းမယ့် သဘာဝဓာတ်ငွေ့ဟာ အီရတ်အတွက် လုံလောက်မှု မရှိပါဘူး။

အီရန်အပေါ် အမေရိကန်က ပိတ်ဆို့အရေးယူတွေ ချမှတ်ထားပေမယ့် အီရတ်ကို သဘာဝဓာတ်ငွေ့နဲ့ စားနပ်ရိက္ခာ ၄၅ ရက်ကြာ တင်သွင်းခွင့် ပြုထားပါတယ်။ အီရတ်ဟာ စွမ်းအင်အတွက် အီရန် သဘာဝဓာတ်ငွေ့ကို အထူး အားထားနေရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)