အစိုးရအဖြဲ႔ ဆံုးျဖတ္ခ်က္ကို မႏွစ္သက္လို႔ အစၥေရး ကာကြယ္ေရးဝန္ႀကီး ႏုတ္ထြက္

0
785

အစၥေရး ကာကြယ္ေရးဝန္ႀကီး လီဘာမန္ဟာ ဒီေန႔ ႏိုဝင္ဘာ ၁၅ ရက္ေန႔က ရာထူးကေန ႏုတ္ထြက္သြားခဲ့ပါတယ္။
အစၥေရးအစိုးရအဖြဲ႔က ဂါဇာကမ္းေျမာင္ေဒသရွိ ပါလက္စတုိင္း စစ္ေသြးၾကြေတြနဲ႔ ၂ ရက္ၾကာ တုိက္ခုိက္မႈကို အဆံုးသတ္ေစမယ့္ အပစ္အခတ္ ရပ္စဲေရး လက္ခံခဲ့တာကို မႏွစ္သက္တာေၾကာင့္ ရာထူးက ထြက္ခဲ့တာျဖစ္ပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီး လီဘာမန္က အၾကမ္းဖက္သမားေတြကို အညံ့ခံတာျဖစ္တယ္လုိ႔ အျပစ္တင္ခဲ့ပါတယ္။
ပါလက္စတုိင္း စစ္ေသြးၾကြေတြဟာ အစၥေရးႏုိင္ငံအတြင္းကို ဒံုးက်ည္ အစင္း ၄၆၀ ေက်ာ္ ပစ္ခတ္ခဲ့မႈကို တံု႔ျပန္မႈအျဖစ္ အစၥေရးတပ္ဖြဲ႔ေတြက ဂါဇာကမ္းေျမာင္ ေဒသရွိ ပစ္မွတ္ေပါင္း ၁၆၀ ေက်ာ္ကို ေလေၾကာင္းကေန ဗံုးႀကဲတုိက္ခုိက္ခဲ့ပါတယ္။

တုိက္ခုိက္မႈေတြျဖစ္ခဲ့တဲ့ ၂ ရက္အတြင္း အစၥေရးဘက္က ၈ ဦး ေသဆံုးသြားခဲ့ပါတယ္။ အပစ္အခတ္ ရပ္စဲလုိက္မႈေၾကာင့္ အစၥေရးေတာင္ပိုင္းမွာ ေက်ာင္းေတြ၊ စီးပြားေရးလုပ္ငန္းေတြ ျပန္လုပ္ကိုင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကို မနှစ်သက်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး နုတ်ထွက်

အစ္စရေး ကာကွယ်ရေးဝန်ကြီး လီဘာမန်ဟာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အစ္စရေးအစိုးရအဖွဲ့က ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ ၂ ရက်ကြာ တိုက်ခိုက်မှုကို အဆုံးသတ်စေမယ့် အပစ်အခတ် ရပ်စဲရေး လက်ခံခဲ့တာကို မနှစ်သက်တာကြောင့် ရာထူးက ထွက်ခဲ့တာဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး လီဘာမန်က အကြမ်းဖက်သမားတွေကို အညံ့ခံတာဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံအတွင်းကို ဒုံးကျည် အစင်း ၄၆၀ ကျော် ပစ်ခတ်ခဲ့မှုကို တုံ့ပြန်မှုအဖြစ် အစ္စရေးတပ်ဖွဲ့တွေက ဂါဇာကမ်းမြောင် ဒေသရှိ ပစ်မှတ်ပေါင်း ၁၆၀ ကျော်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ၂ ရက်အတွင်း အစ္စရေးဘက်က ၈ ဦး သေဆုံးသွားခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲလိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းမှာ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)