
0
976




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖူဟမ်နည်းပြသစ်အဖြစ် ချဲလ်ဆီးနည်းပြဟောင်း ရာနီရေရီကို ခန့်

ဖူဟမ်အသင်းဟာ နည်းပြ ဂျိုကာနိုဗစ်ကို ရာထူးမှထုတ်ပယ်ပြီး ချဲလ်ဆီးနည်းပြဟောင်း ရာနီရေရီကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

လက်စတာအသင်းကို ပရီးမိယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ရာနီရေရီဟာ ဖူဟမ်နည်းပြအဖြစ် စတင်တာဝန်ယူနေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ဖူဟမ် အသင်းဥက္ကဋ္ဌက ပြောပါတယ်။

ဖူဟမ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရမှတ် ၁၂ မှတ်သာ ရရှိပြီး အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေတာကြောင့် နည်းပြ ဂျိုကာနိုဗစ်ကို ရာထူးမှ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၇ နှစ် အရွယ်ရှိ နည်းပြကြီးဟာ ဥရောပအတွေ့အကြုံရှိ ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး ချဲလ်ဆီး၊ အင်တာမီလန်၊ လက်စတာ၊ ဂျူဗင်တပ် နည်းပြတွေအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)