
0
437

ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာ ဂိုမက်ဇ်တို့ ပြန်တွဲခုတ်နေချိန်မှာ သူတို့ရဲ့ ချစ်မှုရေးရာတွေကို ပိုမိုလျို့ဝှက်ထားဖို့ လိုလားနေပါတယ်။  




နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုမက်စ်တို့ဟာ အရင်ထက် ပိုမိုနီးစပ်မှုတွေ ရှိနေခဲ့ပြီး အချစ်ရေးကို လျို့ဝှက်ထားလိုတယ်လို့ ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အချစ်ရေးကို လျှို့ဝှက်ထားလိုတဲ့ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာ ဂိုမက်ဇ်

ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာ ဂိုမက်ဇ်တို့ ပြန်တွဲခုတ်နေချိန်မှာ သူတို့ရဲ့ ချစ်မှုရေးရာတွေကို ပိုမိုလျိူ့ဝှက်ထားဖို့ လိုလားနေပါတယ်။

ဆယ်လီနာက ချစ်သူဖြစ်သူ The Weekend နဲ့ တရားဝင်မပြတ်စဲခင် အောက်တိုဘာလ ကတည်းက ချစ်သူဟောင်း ဂျက်စတင်ဘီဘာနဲ့ ပြန်တွဲခုတ်နေခဲ့တာ ဖြစ်ပါတယ်။

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာတို့ဟာ ၂၀၁၁ ခုနှစ်တည်းက တွဲခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ ပြတ်စဲခဲ့ပါတယ်။ ဆယ်လီနာ ဂိုမက်ဇ်ဟာ ၂၀၁၇ ခုနှစ် အစပိုင်းမှာ အဆိုတော် The Weekend နဲ့ စတင်တွဲခဲ့ပါတယ်။

ဆယ်လီနာ ဂိုမက်စ် အောက်တိုဘာတုန်းက ကျောက်ကပ်အစားထိုး ခွဲစိတ်မှုတွေ လုပ်ခဲ့ချိန်မှာ စတင်ပြီး ဂျက်စတင်ဘီဘာဟာ ချစ်သူဟောင်းဆီ သွားရောက်ခဲ့ပြီးနောက် သူတို့နှစ်ဦးရဲ့ ချစ်ဇာတ်လမ်း ပြန်စတင်ခဲ့တာ ဖြစ်ပါတယ်။

နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုမက်စ်တို့ဟာ အရင်ထက် ပိုမိုနီးစပ်မှုတွေ ရှိနေခဲ့ပြီး အချစ်ရေးကို လျိူ့ဝှက်ထားလိုတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)