စားနပ္ရိကၡာေတြ အေရာက္ေႏွးလို႔ အီရန္အစိုးရကို ငလ်င္ေဘး ဒုကၡသည္ေတြ အျပစ္တင္

0
298

အီရန္ အေနာက္ပိုင္းမွာ ငလ်င္ဒဏ္ခံ ဒုကၡသည္ေတြဟာ အေအးဒဏ္ကို ခံေနရၿပီး စားနပ္ရိကၡာ ေရာက္ရွိမႈ ေႏွးေကြးလို႔ အီရန္ အာဏာပိုင္ေတြကို ျပစ္တင္ ေျပာဆိုေနၾကပါတယ္။

အသက္ရွင္က်န္သူ ထပ္ေတြ႔ရွိဖို႔ အခြင့္အလမ္း မရွိေတာ့တာေၾကာင့္ မေန႔က ႏိုဝင္ဘာ ၁၄ ရက္မွာ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့ၿပီ ျဖစ္ပါတယ္။

ႏိုဝင္ဘာ ၁၂ ရက္ေန႔ညက လႈပ္ခဲ့တဲ့ ငလ်င္ေၾကာင့္ အနည္းဆံုး လူ ၅၃၀ ေသဆံုးၿပီး ေထာင္နဲ႔ခ်ီ ဒဏ္ရာရခဲ့ၾကကာ အီရန္မွာ ဆယ္စုႏွစ္တစ္ခုအတြင္း အျပင္းထန္ဆံုး ငလ်င္ျဖစ္ခဲ့ပါတယ္။

ေတာင္ကုန္းထူထပ္တဲ့ ကာမင္ရွာ ခ႐ိုင္မွာ ၇.၃ မဂၢနီက်ဳ ရွိတဲ့ ငလ်င္ေၾကာင့္ အသက္ရွင္က်န္သူေတြလည္း အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ၾကပါတယ္။ ဒုကၡသည္ေတြဟာ စာနပ္ရိကၡာ၊ ေသာက္ေရနဲ႔ အမိုးအကာေတြ လိုအပ္ေနပါတယ္။  ေနအိမ္ ၃ ေသာင္း ပ်က္စီးၿပီး ရြာႏွစ္ရြာကေတာ့ ရြာလံုးကြ်တ္ ပ်က္စီးသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စားနပ်ရိက္ခာတွေ အရောက်နှေးလို့ အီရန်အစိုးရကို ငလျင်ဘေး ဒုက္ခသည်တွေ အပြစ်တင်

အီရန် အနောက်ပိုင်းမှာ ငလျင်ဒဏ်ခံ ဒုက္ခသည်တွေဟာ အအေးဒဏ်ကို ခံနေရပြီး စားနပ်ရိက္ခာ ရောက်ရှိမှု နှေးကွေးလို့ အီရန် အာဏာပိုင်တွေကို ပြစ်တင် ပြောဆိုနေကြပါတယ်။

အသက်ရှင်ကျန်သူ ထပ်တွေ့ရှိဖို့ အခွင့်အလမ်း မရှိတော့တာကြောင့် မနေ့က နိုဝင်ဘာ ၁၄ ရက်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ညက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူ ၅၃၀ သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ကြကာ အီရန်မှာ ဆယ်စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ခဲ့ပါတယ်။

တောင်ကုန်းထူထပ်တဲ့ ကာမင်ရှာ ခရိုင်မှာ ၇.၃ မဂ္ဂနီကျု ရှိတဲ့ ငလျင်ကြောင့် အသက်ရှင်ကျန်သူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ဒုက္ခသည်တွေဟာ စာနပ်ရိက္ခာ၊ သောက်ရေနဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်။ နေအိမ် ၃ သောင်း ပျက်စီးပြီး ရွာနှစ်ရွာကတော့ ရွာလုံးကျွတ် ပျက်စီးသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)