
0
791




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ရေးပြမှာ ပစ်ခတ်ခံရမှု အီရန်စစ်တပ်က ပတ်သက်နေသူတွေကို ဖမ်းဆီး

ပြီးခဲ့တဲ့လက အီရန်နိုင်ငံ၊ အာဗက်ဇ်မြို့ စစ်ရေးပြပွဲမှာ ၂၅ ဦး သေဆုံးတဲ့ သေနတ်ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အီရန်စစ်တပ်က တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးလိုက်ပါတယ်။

အီရန်စစ်တပ်က ၁၁ ဦးကို ဆင့်ခေါ်ပြီး ထိန်းသိမ်းထားပါတယ်၊ စစ်ဆေးဖို့ တီဟီရန်မြို့ကို ပို့ဆောင်ပါမယ်လို့ တရားရေး ပြောခွင့်ရသူ ဂိုလမ် ဟူစိန် အဲဂျိက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ IS အစ္စလာမ် အကြမ်းဖက်အဖွဲ့က ကြေညာထားပါတယ်။

အာဗက်ဇ်ရှိ တက်ကြွလှုပ်ရှားသူတွေက ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အာဗက်ဇ်ဒေသတွင်းက လူ ၃၀ဝ ကနေ ၅၀ဝ အထိ ဖမ်းဆီးထားမှုကို ဝေဖန်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)